2A1O Chapter《16》

9.4K 1.3K 107
                                    

【Unicode】


『ဒီလူချောလေး နှစ်ယောက်က အတွဲတွေလား?』


မင်းက အသုံးဝင်သလား၊ မဝင်သလားတော့ ငါမသိဘူး! ဒါပေမယ့် မင်းက ငါတို့ ဆက်ဆံရေးကို အရမ်း မြင့်မြင့်ကြီးတွေး နေတာမဟုတ်ဘူးလား? ငါတို့က အဲ့လောက်ရင်းနှီးလို့လား?

ကျန်စုန့်ယိက ဒီဘဝတွင်တော့ ပေါ်ဟွိုက်နဲ့ ဘယ်တော့မှ မရင်းနှီးစေရဘူးဟု သူ့ကိုယ်သူ ဆုံးဖြတ်ထားပြီးဖြစ်လေသည်။

ကျေးဇူးတင်သည့် အရိပ်အယောင် စိုးစဉ်းမျှပင်မပါဘဲ သူ့နှုတ်ခမ်းထောင့်များက ကွေးတက်သွားကြပြီး ပေါ်ဟွိုက်ကို မေးခွန်းထုတ်လျက်ကြည့်လာခဲ့သည်။

" ငါမှတ်မိတာမှန်ရင် ငါမနေ့က မင်းကို နန်မြို့တော်ကနေ စိတ်ပါလက်ပါလေးနဲ့ လစ်သွားအောင် လုပ်မယ်လို့ ပြောခဲ့တယ်မလား?"

ပေါ်ဟွိုက်က ခေါင်းညိတ်သည်။

"ငါ မှတ်မိတာမှန်ရင် မနေ့က မင်းပြောခဲ့တာက မင်းသာ ငါ့ကို နန်မြို့တော်ကနေ စိတ်ဓာတ်ကျပြီး ထွက်သွားအောင် မလုပ်နိုင်ခဲ့ရင် မင်းကအယ်လ်ဖာ မဖြစ်သင့်ဘူးတဲ့."

"..."

"ကြည့်လေ, အလုပ်မဖြစ်ဘူးလား?"

"..."

"ငါကတော့ မင်းလို ပြောလိုက်သမျှဖြစ်အောင်လုပ်နိုင်တဲ့ လူငယ်တွေကို အရမ်းသဘောကျတာပဲ"

ကျန်စုန့်ယိ : "..."

ဘယ်လိုတောင် မခံချင်စရာကောင်းတာတုန်း!!

"ကလေးလေး, မင်းငါ့ကို အဲ့လို အမုန်းခါးခါးကြီးနဲ့ မကြည့်ပါနဲ့ကွာ"

ပေါ်ဟွိုက်က ခေါင်းလှည့်ကာ ကျန်စုန့်ယိကို ကြည့်လာ​၏။ သူ့မျက်လုံးများမှာ မြေခွေးတစ်ကောင်​၏ မာန်ကဲ့သို့နှယ် ကျဉ်းမြောင်းလျက်ရှိသည်။

"ဖော်ရွေစွာနဲ့ သတိပေးရရင်တော့, မင်း ခုထိ ငါ့ကို အသုံးချလို့ရပါသေးတယ်."

"မင်း အတော်လေး အရှက်မရှိဘူး!!."

"အလွန့်အလွန်ကို ဂုဏ်ယူမိပါတယ်."

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now