2A1O Chapter 《5》

11.4K 1.6K 48
                                    


"ဘယ်သူက အောက်မှာရောက်နေနေ Daddyလို့ခေါ်!"

ကျန်စုန့်ယိနဲ့ ပေါ်ဟွိုက်တို့ရဲ့ အရှိန်အဝါတွေက အထက်စီးဆန်နေ၍လား ၊ ဒါမှမဟုတ် "အယ်လ်ဖာ နှစ်ယောက်ဆို အဆုံးသတ်မကောင်းဘူး" ဟူသော ထုံးစံကြီးက စွဲမြဲနေ၍လား မသိ။

​ဤသည်မှာ လုံးဝကို ဒွိဟဖြစ်သွားစေမည့် မြင်ကွင်း ဖြစ်နေသည့်တိုင် ရွှီကျားရှင်း​၏ ပါးစပ်ထဲရောက်သောအခါတွင်တော့ စာသင်ခန်းထဲမှာ အယ်လ်ဖာနှစ်ယောက် အထိန်းအကွပ်မဲ့စွာ ရန်ဖြစ်နေကြပြီ ဟူ၍ပင်။

စားပွဲတွေနဲ့ ခုံတွေကလဲကျကာ လုံးထွေးရန်ဖြစ်နေကြပြီး အဆုံးမသတ်နိုင်ကြပေ။

ဒါ့အပြင် ပေါ်ဟွိုက်က သူကြိုက်သောသူကို ကျန်စုန့်ယိက ခိုးသွားသဖြင့် ထွက်သွားခဲ့ရသည်ဟူသော ကောလာဟလများလည်းပေါ်လာသည်။

ဒီနေ့သူတို့ ရန်ဖြစ်ရသည့်အကြောင်းအရင်းမှာ အခန်း(၁)ကနေ ကသုတ်ကပျာနဲ့ ထွက်ပြေးသွားရတဲ့ အိုမယ်ဂါလေးကြောင့်ပါတဲ့။

သူရဲကောင်းနှစ်ယောက်က အလှလေးအတွက် ရန်ဖြစ်သည်ဟူ၍ ....

ပြောသလိုပင် ဖြစ်လုနီးနီး။ ကျန်စုန့်ယိတောင် ယုံမိတော့မလို ဖြစ်လာရ​၏။

သူက ရွှီကျားရှင်းနောက်တွင် ထိုင်နေရင်း သူ့လည်ပင်းကို စိတ်မပါသလိုဖြင့် စိုက်ကြည့်နေ၍  လည်ပင်းကိုပဲ ညှစ်ရမလား Glandကိုပဲ နှိပ်ပစ်ရမလား စဉ်းစားနေလေသည်။

ရွှီကျားရှင်း​၏ နောက်ကျောမှာ တဆတ်ဆတ်တုန်ယင်လာရသည်။

သူ ကျောဆန့်လိုက်ကာ သတ္တိရှိစွာဖြင့် သေနိုင်မည့်ခြိမ်းခြောက်မှုကြီးကို ခုခံရလိမ့်မည်။ မေးခွန်းလွှာတွေ ပြန်ရောက်လာမှသာ  သူနောက်ကို သတိထားစွာဖြင့် လှည့်လိုက်ပြီး စာရွက်ကို လေးလေးစားစားဖြင့် ကမ်းပေးလိုက်​၏။

"ကောတို့! ကျွန်တော့်ကိုအဲ့လိုကြီး မကြည့်ကြပါနဲ့ ဟုတ်ပြီလား? ကျွန်တော် မှားပါတယ်။ ကျွန်တော့်မျက်လုံးတွေကို မယုံခဲ့သင့်ဘူး..ကျွန်တော်ပြန်သွားပြီး ညရောက်ရင် မျက်စိစွံပါစေ။  ကျွန်တော် မဟုတ်တာတွေပြောမိရင်လဲ ညရောက်ရင် ပါးစပ်နာ ဖြစ်ပါစေ.."

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now