2A1O Chapter《80》

4.3K 661 16
                                    

" စာမေးပွဲရမှတ်တွေက မိသားစု ရာထူးကို ဆုံးဖြတ်ပေးမယ် "


ကျန်စုန့်ယိသည် တစ်စုံတစ်ခု မမှန်ကန်နေသလို ခံစားရ​၏။ ပေါ်ဟွိုက်က သူ့ကို ကိုက်သည်က အဆင်ပြေသည်။ ကိုက်ပြီးနောက်တွင် ပေါ်ဟွိုက်က နာနေသောခါးနှင့် ခြေထောက်များဖြင့် သူ့ကို ပွေ့ချိီလိုက်ပြီး ဘာသာစကားအဖတ် နှစ်စုံလုပ်ခိုင်းကာ သူမအိပ်နိုင်သေးခင် အမှတ်အားလုံးကို တစ်မှတ်ချင်း စီစစ်ဖို့အတွက် သူ့ကို ဖိထားခဲ့​၏။

သူ့ကဲ့သို့ ကြိုးစားလှပါသော အထက်တန်းကျောင်းသားနှင့် ရွှေသခင်ကြီးဆိုတာ ဒီကမ္ဘာမှာ မရှိနိူင်ပါ။

ရုတ်တရက် ကျန်စုန့်ယိဟာ ပေါင်မင်ဟုန်ပြောတာ မှန်သလို ခံစားလိုက်ရသည်။ Puppy Loveက အချိန်ကုန်ပြီး သူ့ကျန်းမာရေးကိုပါ လိုက်စားစေ​၏။

မည်သို့ဆိုစေ အချစ်ကအချစ်၊ သင်ကြားရေးက သင်ကြားရေးပင်။ ပေါ်ဟွိုက်နဲ့ ပေါ်ဟန်ရဲ့ လောင်းကြေးက ရှိနေဆဲ။ယင်းက သားအဖနှစ်ယောက်ရဲ့ ကာလရှည်စစ်ပွဲဖြစ်ပြီး ပေါ်ဟွိုက်ကလဲ သူ့ကိုယ်သူကို ရှုံးခွင့်ပြုမည်မဟုတ်။

ကျန်စုန့်ယိအတွက်မူ သူဆန္ဒရှိသည့် ကောလိပ်မှာ လျှောက်နိုင်သည့် အရည်အချင်းကို ရရှိထားသော်လည်း ခွင့်ပြုအရေအတွက်ကို အစမ်းမတင်ရသေးသလို ဘာကိုမှ မဆုံးဖြတ်ရသေး။အဓိကက သူဟာ ဟန်ဆောင်ရတာကို ကြိုက်တုန်းဖြစ်နေခဲ့သည်။

အယောင်ဆောင်တတ်တဲ့သူ တစ်ယောက်အဖို့ သူ့အဆင့်တွေက ကောင်းရမည်ပင်။

ထို့ကြောင့် သူတို့နှစ်ယောက်ဟာ နေ့တိုင်းနေ့တိုင်း စာလေ့လာရတာ ငြီးငွေ့ကြသော်လည်း နောက်မှာမကျန်ရစ်ခဲဲ့ကြပေ ။

ပြီးလျှင် ဒါကပဲ သူနဲ့ပေါ်ဟွိုက်ဟာ ကောင်းကင်ဘုံက ပေါင်းစည်းပေးတာဖြစ်ကြောင်း တခြားသူတွေကို သက်သေပြနိုင်မည်ပင်။ ဆိုလိုတာက သူလည်း ကောင်းသည်ထက် ပိုကောင်းလာပြီး နောက်ကွယ်မှာ တခြားသူတွေ အတင်းပြောမည်အား ကာကွယ်ရန် ကျန်စုန့်ယိသည် အမှန်ပင် မနက်ခင်းတိုင်း ၆နာရီထပြီး ပေါ်ဟွိုက်နဲ့အတူ စာလေ့လာခဲ့​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now