2A1O Chapter《59》

5.7K 869 31
                                    

|| Unicode ||

'' Screw Heat Fever ''

စင်စစ်တွင်တော့ အလွန်အမင်းလှပပါသော လေဒီထျန်မှာ ပိုက်ဆံသုံးနိုင်ရုံတင်မကပါဘဲ အနုပညာအမြင်မှာလဲအရည်အချင်းရှိလေသည်။

၀တ်စုံနှစ်စုံကို Backstageသို့ ပို့လိုက်သောအခါ၊ ငွေ၏အငွေ့အသက်သည် စတူဒီယိုတွေ၏ ခေတ်ဆန်သော chemical fiber ဝတ်စုံများကြားတွင် ထင်ရှားပေါ်လွင်စေသည်။

ကျန်စုန့်ယိမှာ လေဒီထျန်ကိုင်ထားသော ဝတ်စုံနှစ်စုံကိုကြည့်ရင်း ချီတုံချတုံဖြင့် မေးလိုက်မိသည်။ "မား, ဒါကြီးက နည်းနည်းတော့ ပုံကြီးချဲ့လွန်းနေပြီမထင်ဘူးလား?"

လေဒီထျန်ကတော့ ပြတ်ပြတ်သားသားပင်: "မထင်ဘူး."
ကျန်စုန့်ယိမှာတော့ အနည်းငယ် ဝန်လေးနေဆဲ။

ပေါ်ဟွိုက်က ရှေ့တိုး၍ ဝတ်စုံတွေကိုယူလိုက်သည်။ " ငါ့အထင်တော့ တော်တော်လေး ကောင်းပါတယ် "

ထို့နောက် ပေါ်ဟွိုက်က ကျန်စုန့်ယိဆီကို ပြန်လျှောက်လာပြီး အသံနှိမ့်ကာပြောသည်။ "အားလုံးက ငါတို့တွေကို High -Profile အဖြစ်ပြောနေကြတာဆိုတော့.. တစ်ခါလောက်တော့ High-Profile ကတကယ်အလုပ်ဖြစ်တယ်ဆိုတာကို ပြပေးကြတာပေါ့... မင်းရော ဘယ်လိုထင်လဲ? "

ပေါ်ဟွိုက်ပြောတာမှန်သည်ဟု ကျန်စုန့်ယိ ခံစားရ​၏။

သူတို့နှစ်ယောက် သဘောတူလိုက်တာကို မြင်သော် လေဒီထျန်က သူတို့နှစ်ယောက်ကြားကို ရွှေ့လာခဲ့သည်။ "ဒါဆိုလဲ မင်းတို့ အဝတ်သွားလဲကြတော့လေ... မားကို မင်းတို့ ကျောင်းလွယ်အိတ် ပေးခဲ့။ မားက သယ်ကူပေးထားမယ်.. မားထိုင်နေမယ့် ဇာတ်ရုံရဲ့ အလယ်တန်းကို အာရုံစိုက်ပေးဖို့ မမေ့နဲ့နော်! မင်းတို့အတွက် Videoရိုက်ပေးမှာ "

ထိုသို့ပြောပြီးသည်နှင့် သူက လက်ထဲမှာ DVDကင်မရာလေးကို ယမ်းပြရင်း ပျော်ရွှင်စွာထွက်သွားတော့သည်။

ယန်ယွဲ့ကတော့ အားမကျပဲမနေနိုင်။ " စုန့်ကော...မင်းအမေက အရမ်းချစ်စရာကောင်းတာပဲ။"

"အိုး"

လေဒီထျန်သည်ကား သူ့ အဖိုးနဲ့အဖွားထံမှ အသက် ၂၀အရွယ်အထိ အလိုလိုက်ခံခဲ့ရသူဖြစ်ပြီး ၎င်းနောက်မှာတော့ သူ့အဖေရဲ့ကံတရားပေါ်မှာ လွှဲပြောင်းသွားပါ​၏။ သူမဘဝမှာ အခက်အခဲဟူ၍ ဘယ်သောအခါမှ မခံစားခဲ့ရပါချေ။ ဘယ်လိုလုပ်ချစ်ဖို့မကောင်းပဲ နေမှာတဲ့လဲ?

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now