2A1O Chapter《3》

12.8K 1.7K 30
                                    

"သူများ Glandတွေကို လိုက် အနံ့မခံနဲ့!"

ကျန်စုန့်ယိက ပုံမှန်လိုပဲ Backseatမှာထိုင်လိုက်သော်လည်း ပေါ်ဟွိုက်ကတော့ မည်သည်ကြောင့် Passenger Seat မှာထိုင်လိုက်မိမှန်းမသိပေ။

သူက ပေါ်ဟွိုက်ရဲ့ စိုထိုင်းထိုင်း ခေါင်းကိုကြည့်နေမိပြီးနောက် အနည်းငယ် စိတ်သက်သာသွားသလိုခံစားလိုက်ရသည်။ သူက Leather Seatပေါ်မှာ ပျင်းရိစွာဖြင့် ပစ်လှဲလိုက်ပြီး ဖုန်းကို ထုတ်လိုက်ကာ Wechat Group Chat [Aနှစ်ယောက်Oတစ်ယောက်] ကို ဝင်ကြည့်လိုက်​၏။

လုချီဖုန်း : [ပေါ်ဟွိုက်က တကယ်ကြီးပြန်လာတာလား?]

ကျန်စုန့်ယိ : [အင်း..]

ကျိူးရှောင်လော့ : [စုန့်ကော, အထက်တန်း(၁)ရဲ့Forumတွေကိုကြည့်ကြည့်ဦး!]

ကျန်စုန့်ယိ: [ငါ လွတ်လပ်သွားပြီတဲ့လား?]

လုချီဖုန်း : [အထက်တန်း(၁)ရဲ့ Forumကဖြင့် ပေါ်ဟွိုက်ပြန်လာတဲ့အကြောင်းတွေနဲ့တင် ပေါက်ကွဲတော့မလိုပဲ]

ကျိူးရှောင်လော့ : [တကယ်ကြီး! စုန့်ကော, ငါတို့ကျောင်းကတော့ ဘာမှသိပ်မဖြစ်ပေမဲ့  အထက်တန်း(၁)ကတော့ တကယ်ကြီးပေါက်ကွဲနေပြီ။ ကျောင်းပြောင်း ဘောစ့်ကတော့ တကယ် သမိုင်းတွင်လာဦးမယ်ထင်တယ်]

ကျန်စုန့်ယိ: [ဘက်စုံအနုပညာကျောင်းသားတွေက ဒီလိုမျိူးစကားများကြတာလား?]

ကျန်စုန့်ယိမှာ စိတ်မပါသလိုပြောဆိုနေသည့်တိုင် Wechat ကနေထွက်လိုက်၍ အထက်တန်း(၁)ရဲ့ Webpageကို Click လိုက်သည်။

တကယ်ကို ပေါက်ကွဲနေတာပဲ...

Pageတွင် ပိုစ့်၂၀လောက်ရှိနေပြီး ဆယ်ခုမှာ ပေါ်ဟွိုက်နာမည်နဲ့ဖြစ်ကာ အဲ့ထဲက ငါးခုတွင်တော့ "အကြီးစားရိုက်ချက်"ဆိုသည့်ထိပ်စည်းနဲ့ဖြစ်​၏။

Popular Post ​၏ titleကတော့ [ဒီယောက်ျား!သူပြန်လာပြီ]ဆိုပြီးဖြစ်သည်။

သူ နှိပ်၍ဝင်ကြည့်လိုက်သောအခါ NFLS​၏တံခါးရှေ့က ပေါ်ဟွိုက်ပုံဖြစ်​၏။ သူက မိုးရေထဲတွင် ထီးတစ်ချောင်းနဲ့ရပ်နေတာဖြစ်သည်။သူ​၏ပြတ်သားသော အဖြူရောင်ရှပ်က Alphaတစ်ယောက်​၏ သာလွန်လှသော ပုခုံးကျယ်ကျယ်နှင့် ခါးတို့ကို ပေါ်လွင်စေသည်။ ခြေထောက်များမှာလည်းရှည်လျားကာ ပေါ်နေသည့် ခြေချင်းဝတ်ကပင် သွယ်လျကာ သန်မာ၍ သူ့ခန္တာကိုယ်ဖွဲ့စည်းပုံ အရိုးများကလည်း ကွဲပြားနေသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now