2A1O Chapter《65》

5.5K 808 27
                                    


" လူကြီးမင်း, နှင်းဆီပန်းလေး ဝယ်ချင်သေးလား? "



ပေါ်ဟွိုက်က ကျန်စုန့်ယိရဲ့လက်ကို ကိုင်လိုက်လျှင် လက်ဖဝါးထဲမှာ ဘာမှမရှိနေတာကို တွေ့လိုက်ရသည်။

ထိုသို့နှင့် သူ့မျက်လုံးအောက်ခြေတွင် အပြုံးတစ်ပွင့် ဖြစ်တည်လာခဲ့သည်။

ခေါင်းကို ငုံ့ချလိုက်၍ ပေါ်ဟွိုက်ဟာ ကျန်စုန့်ယိ မျက်လုံးတွေထဲကို ကြည့်ပြီး ညင်သာစွာဆိုလာ​၏။ " ဒီလက်ဆောင်လေး... သူက ငါ့နှလုံးသားထဲမှာလည်း ရှိနေတုန်းပဲ "

ကျန်စုန့်ယိ နည်းနည်းလေး ရှက်သွားရသည်။

" အဲ့လိုမလား.. ငါ့ကောင်လေး? "

ပေါ်ဟွိုက် နောက်ဆုံးပြောလိုက်သည်မှာ အနည်းငယ် ချစ်ချင်စဖွယ်ကောင်းကာ ဆွဲဆောင်မှုရှိနေ​၏။

ကျန်စုန့်ယိ နားဖျားလေးတွေမှာ ရဲစွေးနှင့်ပြီးဖြစ်ကာ သူက ခေါင်းညိတ်ပြသည်။

" ဟုတ်တယ်... ငါ့ကောင်လေး "

' ကောင်လေး ' ဟူသော စကားလုံးမှာ အကျယ်ကြီးမပြောသော်လည်း ပြောဖို့ တွန့်ဆုတ်နေခဲ့သည်မဟုတ်။

လူငယ်လေးရဲ့အသံက ရှင်းလင်းသေချာနေပေမယ့် နည်းနည်းလေး ရှက်ကာ စိုးရိမ်နေပြန်သည်​။ မည်သို့ပင်ဆိုစေ ယင်းက ပေါ်ဟွိုက်နှလုံးသားထဲမှာ မရေတွက်နိုင်သော ပျော်ရွှင်မှုတို့ဖြင့် ပြည့်လျှမ်းသွားစေဖို့ လုံလောက်လေသည်။

သူ့ရဲ့အေးစက်ပြီး အကျိုးမရှိသောဘဝကြီးမှာ မျှော်လင့်ချက် အပြည့်ထားရှိခဲ့သည့် တစ်ခုတည်းသော မျိုးစေ့လေးဟာ နှစိပေါင်းများစွာတိုင် တစ်ယောက်တည်း စောင့်ရှောက်ခဲ့ပြီး နောက်ဆုံးမှာတော့ ကမ္ဘာပေါ်မှာ အလှဆုံး နှင်းဆီပွင့်ကလေးအဖြစ် ဖူးပွင့်လာခဲ့ချေပြီ။

သူဟာ ဘယ်တုန်းကမှ ဒီလောက် မပျော်ရွှင်ရဖူးတာကြောင့် ဘာပြောရမလဲဆိုတာကို မေ့သွားရ​၏။

ပေါ်ဟွိုက် အရမ်းပျော်နေတာကြောင့် ဒါသည် သူ့ခေါင်းထဲမှာ အားလုံးရိုးရှင်းနေသည်ဟု ခံစားရသည်။ ထို့ကြောင့် သူအသံနိမ့်နိမ့်ဖြင့်သာမေးလိုက်နိုင်သည်။ " ဘာလို့လဲ? "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now