2A1O Chapter《88》

5.6K 678 35
                                    


『 ငါတို့အိမ်လေး 』

susceptibility ကာလအတွင်း Heatပေါင်း,စုံပြီးနောက် AOတွေကြားက ထိန်းချုပ်မရသော လိင်ဆွဲဆောင်မှုထပ်ဆင့်နဲ့အတူပြီးမြောက်အမှတ်အသားလုပ်ပြီးနောက် မှာ သူတို့နှစ်ယောက် သိပ်မနားဖြစ်ခဲ့ကြပေ။

မနက်ခင်းအစော ပေါ်ဟွိုက်ဆေးထွက်ဝယ်ချိန်က အပြန်မှာ စတော်ဘယ်ရီအရသာ နှစ်ဘူးဝယ်ခဲ့​၏။

ကျန်စုန့်ယိ ငယ်ငယ်လေးကတည်းက နို့စတော်ဘယ်ရီကိကြိုက်တာကြောင့် ကြီးလာလဲ ဒီအရသာကို မုန်းမသွားလောက်ဟု သူထင်မိသည်။

ဖြစ်ရပ်မှန်တို့က ကျန်စုန့်ယိ တကယ်မမုန်းကြောင်း တကယ် သက်သေပြခဲ့သည်။

နှစ်ဘူး၊ ခြောက်ခု ၊ တစ်ခုကျန်။

သူတို့တွေ နေ့လယ်ခင်း အနားမယူရုံတင်မကပဲ ညဘက်သွားဖို့ ပြင်ထားတဲ့နေရာကိုလည်း မရောက်ဖြစ်ခဲ့ကြပေ။

နောက်တစ်နေ့မတိုင်မချင်း သူတို့ အတူတူ နေခဲ့ကြ​၏။

တဖြည်းဖြည်းနဲ့ Heatနဲ့ susceptibility ကာလတို့ကျော်လွန်သွားခဲ့ပြီး သူတို့ နှစ်ယောက် အိပ်ပျော်သွားခဲ့ကြတော့သည်။

ပေါ်ဟွိုက်သည် ကျန်စုန့်ယိကို ဖက်ထားရင်း ကျောင်းအနိုင်ကျင့်ချစ်သူလေးရထားတာကောင်းလိုက်တာ လို့ရုတ်တရက်တွေးမိသည်။ သူ ကလေးကတည်းက တိုက်ခိုက်ရတဲ့ အနှစ်သာရကိုသိတာကြောင့် သူ့ကိုယ်ကာယအားတွေကို သိမ်းထားပြီး မတူတဲ့နည်းနဲ့ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နိုင်သည်။

သူ့ရဲ့ အဓိက သင်ယူနိုင်စွမ်းကလဲ ကောင်း​၏။ဘာပဲဖြစ်ဖြစ် သင်ပေးလို့ရနေသည်။

ကျန်စုန့်ယိ အရမ်းစိတ်တိုနေသော်လည်း အားလုံးက သွင်ပြင်ဖြစ်နေရုံသာ။ စင်စစ်တွင် သူပေါ်ဟွိုက်ကို ဟွိုက်ကောကောခေါ်ခြင်းဖြင့် ပျော်အောင်လုပ်ပေးထားပြီးပြီပင်။

ဖြူစင်တဲ့ ကျောင်းသားဖြစ်သော,သူက သူ့ဘဏ္ဍာရေးဖခင်ကြီးရဲ့ ဝန်ဆောင်မှုကို တစ်ဖက်သတ်ကျေနပ်နေခဲ့ပါသည်။

တစ်ဖက်တွင်တော့ ဘဏ္ဍာရေးဖခင်ကြီးလို့ခေါ်ခံရသူခမျာ ပင်ပန်းလွန်းလို့ မေ့လဲလုမတတ်။ နောက်ဆုံး သူ့စိတ်ထဲမှာအတွေးနှစ်ချက်သာကျန်တော့​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Dove le storie prendono vita. Scoprilo ora