2A1O Chapter《60》

6.2K 888 29
                                    

|| Unicode ||

" တစ်ကိုက်လောက် ကိုက်ခွင့်ပေး၊ ငါမင်းကို အဆင့်ရဲ့ပထမနေရာပေးမယ် "

ကျန်စုန့်ယိက ပေါ်ဟွိုက်ကို တွန်းထုတ်လိုက်သည်။ " ငါမဟုတ်ဘူး...ငါ ဒီတစ်ခါ Inhibitor ယူလာခဲ့တယ် "

" ဘယ်မှာလဲ "

" ကျောင်းလွယ်အိတ်ထဲမှာ "

" ကျောင်းလွယ်အိတ်က မင်း အမေယူသွားတယ်မလား..."

"..."

" အဲဒါ ငါ့အပြစ်မဟုတ်ဘူး! လအစမှာပဲ ဖြစ်လေ့ဖြစ်ထရှိတာ၊ ဒီတစ်ခါက လအစ လဲမဟုတ်ပြန်ဘူး။ ငါ့ကို သတိလဲမပေးလာဘူး "

ကျန်စုန့်ယိမှာ ဒါ့အတွက်ကြောင့် သူစိတ်ဖိစီးရပြန်မယ်လို့ ယုံပင်မယုံနိုင်။

ပေါ်ဟွိုက်ကတော့ ကြင်နာတဲ့ စကားလုံးတွေနဲ့သာ ချော့ပြောနိုင်တော့သည်။ " မင်းက ခုမှ ခွဲခြားပြီးတာ မကြာသေးတော့အသားမကျသေးဘူး။ ဒါကြောင့် ငါ မင်းကို အပြစ်မတင်ပါဘူး ... ဒါပေမယ့် Heatဝင်လာပြီဆိုတော့ ငါတို့ အိမ်အရင် ပြန်ကြရအောင်... နောက်တစ်ခါမှ ငါ့ကို ကြိမ်းတော့ ဟုတ်ပြီလား ? "

ကျန်စုန့်ယိ သဘောထားကြီးလိုက်ပြီး ပေါ်ဟွိုက်နဲ့ အရင် အချင်းမများဘူးလို့ ဆုံးဖြတ်လိုက်​၏။

ပေါ်ဟွိုက်က သူ့ရဲ့အားပျော့နေတဲ့ခြေထောက်တွေကို စိုးရိမ်လာပြီး, " ငါမင်းကို သယ်သွားပေးမယ် "

" အို့ " ကျန်စုန့်ယိက သရော်လိုက်ပြီး မတ်မတ်ရပ်လိုက်ကာ သူ့ဘာသာ လှည့်ထွက်သွားသည်။ " Heatကာလအတွင်း Alphas သုံးယောက်ကိုရဲစွမ်းသတ္တိအပြည့်နဲ့ချေမှုန်းခဲ့တဲ့ ဒယ်ဒီရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို မေ့သွားမှာစိုးမိတယ် "

သူ တော်တော်လေး ကျကျနန လမ်းလျှောက်ခဲ့ပေမယ့် အောက်ထပ်ကို ဆင်းတဲ့အခါမှာတော့ ခြေထောက်တွေက ပျော့ခွေသွားခဲ့လေသည်။

ပေါ်ဟွိုက်က သူ့ကို တွဲပေးဖို့ သွားလိုက်သော်လည်း ကျန်စုန့်ယိက လက်တစ်ဖက်ဖြင့်ရိုက်သည်။ " ငါ့ကို မထိနဲ့ "

ထိုသို့ပြောပြီး စက်လှေကားကိုကိုင်ကာ ခြေသုံးလှမ်း နှစ်လှမ်းလှမ်းပြီး အမြန်ပြေးဆင်းခဲ့တော့၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now