2A1O Chapter《33》Edited

6.5K 961 25
                                    

『Unicode』

Edited Version

" မင်းကို အမိဖမ်းနိုင်ခဲ့ရင် ငါက ကံအကောင်းဆုံးဖြစ်မှာပဲ ''


ရှိတယ်?

ပေါ်ဟွိုက်မှာ သူကြိုက်ရတဲ့တစ်စုံတစ်ယောက်ရှိတယ်?

ကျန်စုန့်ယိက သူ့ရဲ့ညီအစ်ကိုကောင်းဖြစ်နေတာတောင် သူဘာတစ်ခုမှမသိပါဘဲလေ?

ကျန်စုန့်ယိမှာ ရုတ်တရက်ဆိုသလို ရင်ဘတ်ထဲမှာ တစ်ဆို့သွားပြီးမပျော်မရွှင်နဲ့ မျက်ခုံးတွေကို ပင့်လိုက်မိသည်။

သီးသန့်ခန်းရဲ့ တခြားတစ်ဖက်မှာတော့ ယွီဇစ်ကော်က တစ်ဆင့်ချင်း ချနင်းလာဆဲ။

"ဒါဆို မင်းကြိုက်တာက ဘယ်သူလဲ?"

အားလုံးမှာ အသက်အောင့်ထားလျက် အဖြေကို စောင့်မျှော်နေခဲ့ကြသည်။ မည်သို့ဆိုတော့ ပေါ်ဟွိုက်ကတော့ နောက်ကိုပြန်လှဲလိုက်ပြီး အရိပ်ထဲမှာတစ်ဝက် ပုန်းကွယ်လျက် ကြယ်သီးတစ်လုံးကို လက်ချောင်းတွေနဲ့ ဖြုတ်လိုက်ရင်း ပေါ့ပေါ့ပါးပါးဆိုလာခဲ့သည်။

"ဒါက နောက်မေးခွန်းဖြစ်သွားပြီ."

ကျန်စုန့်ယိမှာ ပေါ်ဟျွိုက်က စိတ်ပျက်စရာနဲ့ ပျင်းစရာကောင်းတဲ့ အချက်အလက်တွေကို ကိုင်စွဲထားသလိုထင်ရသည်။

ဘာပဲဖြစ်ဖြစ် သူလဲ သိချင်နေတာမှ မဟုတ်တာ။

သို့တိုင် သန့်စင်ခန်းသွားပြီနောက် လက်ဆေးရန် ပြန်ထွက်လာတဲ့အချိန်ထိ သူ သိချင်နေမိဆဲပင်။

ပေါ်ဟွိုက်မှာတကယ်ပဲ သူကြိုက်ရတဲ့ တစ်စုံတစ်ယောက်ရှိနေတာလား?

သူ​က သူနဲ့နေ့စဉ်နေတိုင်း ရှိနေတာကို ဘာလို့ သတိမပြုမိခဲ့ရတာလဲ?

ပြီးတော့ ပို အရေးကြီးတာက သူကဘယ်သူလဲ?

နန်ချန်က မဟုတ်လောက်ပေ။ နန်ချန် ဆိုလျှင် ပေါ်ဟွိုက်က သူ့ဘာသာသူ ဖုံးကွယ်မထားလောက်။ ဒါကြောင့် ပေါ်ဟွိုက် ပေချန်မှာ ရှိနေတုန်းအချိန်မှာပဲ တွေ့နိုင်မှာဖြစ်သည်။

ဒီလိုတွေးကြည့်တော့လဲ အကျိုးအကြောင်းသင့်သား။

နန်ချန်မှာ စိတ်ဒဏ်ရာရခဲ့ပြီး ပေချန်ကိုတစ်ယောက်တည်းရောက်သွားခဲ့တဲ့ လူတစ်ယောက်၊ သူငယ်ချင်းတွေလဲ မရှိသလို ဆွေမျိူးလဲမရှိဘူးလေ။ နူးညံ့၊ချိုမြိန်ပြီး အသိတရားရှိရှိနဲ့ ဂရုစိုက်ပေးတတ်တဲ့ Omegaလေးက အဲ့ဒီအချိန်မှာပေါ်လာခဲ့ရင် ပေါ်ဟွိုက် ကျရှုံးသွားရတာကလဲ ပုံမှန်လိုပါပဲ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်जहाँ कहानियाँ रहती हैं। अभी खोजें