2A1O Chapter《49》

6.4K 995 111
                                    

Unicode

"ပေါ်ဟွိုက်က ဒီလိုမျိူးဖြစ်လိမ့်မယ်လို့ သူထင်မထားမိဘူး"


ပေါ်ဟွိုက်ကို ရှင်းပြရန် အတင်းအကျပ်ဖြစ်စေသည်က ကျန်စုန့်ယိပင်။သို့သော် အရှက်ဆုံးဖြစ်ရတာကလဲ ကျန်စုန့်ယိပင် ဖြစ်ကြောင်း ရှင်းလင်းနေပေ၏။

ကျန်စုန့်ယိသည်ကား တစ်ဖက်လူကို ချိုမြိန်ခြင်းတို့ကိုပဲ မျှဝေပေးစွမ်းနိုင်ဖို့ ပေါ်ဟွိုက်က သူ့ဘာသာ ခါးသီးမှုတွေ၊ချဉ်စူးမှုတွေ မျိုချပစ်နေတာကို သတိပြုမိခဲ့သည်။

ပေါ်ဟွိုက်ရဲ့ ချဉ်စူးမှုတွေ၊ ခါးသီးမှုအားလုံးကို သူ သိချင်ပြီး သူ့ကို ကူပြီးလဲ သယ်ယူပေးချင်သည်။

သို့ပေမယ့် ကျန်စုန့်ယိမထင်ထားသည်မှာ ပေါ်ဟွိုက်က ဤမျှလောက်အထိ ကောင်းပေးနိုင်တယ်ဆိုတာကိုပင်;  သူ သည်းမခံနိုင်တော့ပေ။

ညအမှောင်ထဲရှိ လမ်းမီးရောင်အရိပ်အောက်တွင် ပေါ်ဟွိုက်ရဲ့ ပယင်းရောင်မျက်လုံးများက သူ ကျန်စုန့်ယိကို နှစ်မြုပ်သွားစေချင်သကဲ့သို့ အရမ်းကို ညင်သာနေခဲ့သည်။

ထို့ကြောင့် ပေါ်ဟွိုက်ရဲ့ ဖွင့်ပြောခြင်းကိုကြားလိုက်ရပြီးနောက် ကျန်စုန့်ယိ အလိုအလျောက် လုပ်လိုက်တဲ့ အပြုအမူမှာ လှည့်၍ ပြေးခြင်းပင်။

သို့သော် သူ ထွက်မပြေးလိုက်ရ။

ပေါ်ဟွိုက်ကသူ့ကို ဘာမှမလုပ်ရသေးခင်မှာပင် အမိဖမ်းလိုက်လေ၏။ သူ့လက်မောင်းတွေကို ခါးတစ်ဝိုက်မှာထားကာ ကျန်စုန့်ယိအား နီးကပ်စေ၍ အပြုံးတို့ဖြင့် ပြောလာခဲ့​သည် : " ဘာလို့ ပြေးပြန်တာလဲ? မင်းပဲ ငါ့ကို ရှင်းအောင်ပြောဖို့ ပြောခဲ့ပြီး , ငါပြောပြီးတော့ကျ ထပ်ပြီးထွက်ပြေးပြန်တယ်လား​​? အင်း ဘယ်လိုတောင် ညစ်တာလဲ? "

ကျန်စုန့်ယိမှာ သူ မပြေးနိုင်တော့ကြောင်းသိ၍ သူ့ခေါင်းကို ပေါ်ဟွိုက် ပုခုံးပေါ်မှာပဲ အရှူံးပေး၍ တင်လိုက်ကာ တုံ့တုံ့ဆိုင်းဆိုင်းနဲ့ပြောလိုက်မိသည်။

"ငါ ...ငါထင်တာက... ဒါ သိပ်ကောင်းတဲ့အကြံတော့ မဟုတ်ဘူးထင်တယ် "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now