2A1O Chapter《45》

6.3K 973 44
                                    

『Unicode』

"မင်းအောင်ပွဲခံပြီး ပြန်လာတာကို လာခေါ်တာ "

အရဲစွန့်ပြီး ရှူံးတာကို ဝန်ခံဖို့ ဆန္ဒရှိတယ်ပေါ့။

ဒီတစ်ခါ လပတ်စာမေးပွဲတွင် သူပထမရပါက ပေါ်ဟွိုက်က မေးခွန်းတစ်ခု ရိုးရိုးသားသားဖြေပေးမယ်လို့ ပြောခဲ့တာကိုကျန်စုန့်ယိ မှတ်မိနေသည် ။

အရင်တစ်ခေါက် ပေါ်ဟွိုက် မွေးနေ့မှာတုန်းက မေးခွန်းတွေမေးနိုင်တဲ့ အခွင့်အရေးကိုဖြုန်းတီးပစ်ခဲ့​၏။

အဘယ်ကြောင့်ဆိုသော် သူ့မှာ မေးစရာမရှိဘူးလို့ တွေးခဲ့ကြောင့်ပင်။

မည်သို့ဆိုစေ လဝက်လောက်လေးနဲ့ သူက ဒီအခွင့်အရေးကို ပြန်အရယူနိုင်လိုက်ပြီ၊ အဘယ့်ကြောင့်ဆိုသော် သူဟာ အရာများစွာကို သူ့ဘာသာသူကို တကယ်ပဲ နားမလည်နေလို့ဖြစ်သည်။

ဥပမာ ပေါ်ဟွိုက်က ရုတ်တရက်ကြီး ဘာလို့ နန်ချန်ကို ပြန်လာခဲ့တာလဲ။

နန်ချန်မှာ ပေါ်ဟွိုက် စိတ်ပူနေတဲ့အရာက ဘာများလဲ။

ပြီးတော့ သူ့မှာမေးခွန်းတစ်ခုလဲ ရှိသေးသည်;  သူ့ကို ဘာလို့အမြဲတမ်း အရမ်းကောင်းပေးတာလဲ ?

Heatကာလတွေ အကြိမ်ပေါင်းများစွာကြုံခဲ့ရပေမယ့် သူ သူ့ကို မထိခဲ့တာက သူ့ကို တကယ်ပဲ ညီအစ်ကိုလို့ မှတ်ယူထားတာကြောင့်လား။

နောက်ထပ် သူ့Passward;   0101, တကယ်ပဲ ကျပန်းရွေးထားတာလား။ ဒါက ကျန်စုန့်ယိမွေးနေ့လေ...သူဒါကိုလဲ မေးခွန်းကထုတ်ချင်ပါသည်။

ထိုမေးခွန်းများကို ယုံကြည်မှုရှိရှိနဲ့ မေးလိုက်ချင်ပေမယ့် ရုတ်တရက် ကျန်စုန့်ယိ လိပ်ပြာမလုံ ဖြစ်သလို ခံစားရ​၏။

" မင်း ငါ့ကို တိတ်တိတ်လေးCrushနေတာလား?" လို့ မေးလိုက်တဲ့အချိန်တည်းက နှလုံးသားက အားပျော့သွားခဲ့တာပင်။  ထူထဲမာကျောတဲ့ကျောက်လွှာကနေ ထိုးထွက်ပြီး တစ်ခုခုက ဖြည်းဖြည်းချင်း အညှောင်ပေါက်လာသလို။

ကျန်စုန့်ယိ ဖုန်းစခရင်ပေါ်က အဖြူရောင် avator ကြည့်နေခဲ့မိသည်။ နှုတ်ခမ်းထောင့်လေးတွေ စေ့၍ သူ့messageတွေကို ကြည့်နေခဲ့၏။ လက်ဖျားလေးနဲ့ စခရင်ကို ထိလိုက် မထိလိုက်လုပ်နေရင်း သူဘာတွေးတွေတွေးနေလဲဆိုတာ မသိတော့ပေ။ ဘယ်သူကမှလဲ သူ့ကို မနှောင့်ယှက်ရဲကြ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now