2A1O Chapter 《29》

7K 988 41
                                    


『ခဏလောက် ဒီတိုင်းလေး ဖက်လိုက်တာပါ』


ပေါ်ဟွိုက်ရဲ့ အသံမှာ အလွန်တရာနူးညံ့နေခဲ့ပြီး သူ့နောက်မှာ ကျရောက်နေခဲ့တဲ့ နေဝင်ဆည်းဆာကလဲ နူးညံ့နေခဲ့သည်။ထို့အပြင် ညနေခင်းမှာ တိုက်ခတ်နေတဲ့ လေအေးကလဲ နူးညံ့နေဆဲ။

၎င်းက အရမ်းနူးညံ့နေခဲ့သဖြင့် စိတ်ဆိုးနေတဲ့ကြောင်လေးလို မာန်ဖီနေသော ကျန်စုန့်ယိပင်လျှင် ထူးခြားစွာ ပျော့ကျသွားရပြီး နူးညံ့ကာ နားဖျားလေးများ နီမြန်းလာခဲ့ရသည်။

သူပြောခဲ့တဲ့ 'ချော့တယ်'ဆိုတာက ကျိန်းသေ ဒီလိုမျိူးဟုတ်မနေသလို ဒီလိုမျိူးဆိုလိုတာလဲမဟုတ်ပေ။ ဒီပုဂ္ဂိုလ်ရဲ့ပါးစပ်ဖျားကို ရောက်သွားတဲ့အခါမှာ ဘာကြောင့်များ မှားယွင်းသွားသလို ဖြစ်သွားရသလဲ?

ကျန်စုန့်ယိရဲ့"ချော့ခြင်း" ဟူသော စကားလုံးကို ပြောရာမှာ လူနှစ်ယောက်ကြားမှာသာဖြစ်သည်။သို့တိုင် ပေါ်ဟွိုက်ပြောတဲ့အခါမှာတော့ သူ့ဒေါသကို တစ်နည်းနည်းနဲ့ ပြေလျော့သွားစေခဲ့​၏။

တစ်ဖက်မှာတော့ သူ စိတ်မဆိုးတော့ပေ။သို့တိုင် တခြားတစ်ဖက်မှာတော့ သူ့ရဲ့ သည်းမခံနိုင်တတ်တဲ့ ကာရိုက်တာကိုထိန်းသိမ်းရန် မိုက်တယ်လို့ တွေးထားမိတဲ့ မျက်လုံး လှန်ချလိုက်တာကို လုပ်လိုက်သည်။

"ဘယ်ငလူးက မင်းကိုဖက်မှာလဲ!? ယောက်ျားနှစ်ယောက် ဖက်လိုက်ရင် စားပြီးသား အသားတွေ ပြန်ထွက်လာမှာ မကြောက်ဘူးလား?"

ထိုသို့ပြောပြီးနောက် ပြန်လှည့်သွားကာ ပြန်ဆင်းသွား​၏။

ကျန်နေခဲ့တဲ့ ပေါ်ဟွိုက်ကတော့ မရယ်ဘဲ မနေနိုင်ခဲ့။

"ဘာလို့ မင်းသူငယ်ချင်းကို လွယ်လွယ်ကူကူနဲ့ နောက်ပြန်လှည့်နိုင်ရတာလဲ?ငါက ဒီတိုင်း သန့်စင်ခန်းပဲသွားတာကိုရုတ်တရက်ကြီး မင်းက ငါ့ကို လက်ချာတွေလာပေးတယ်! မင်းကို ချော့ခွင့်နည်းနည်းလောက်ပေးဖို့ ပြောတယ်! ပြီးတော့ငါက ချော့စေချင်တယ်ဆိုတော့လဲ မင်းက မချော့ချင်တော့ပြန်ဘူး။ ဘာတွေခက်ခဲနေပြန်တာလဲ အရှုပ်ကလေးရဲ့?"

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now