2A1O Chapter《53》

6.3K 954 39
                                    

Unicode

" မင်း နှစ်ခါပြောစရာမလိုပါဘူး "


မနက်ခင်း ၅နာရီထရတယ်ဆိုတာ ကျန်စုန့်ယိအတွက်တော့ တကယ့်ကို ခက်ခဲလှသည်။ Alarm နာရီက ငါးကြိမ်မြောက်မြည်လာတဲ့အခါမှာတော့ သူ မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းအုံးကို အကြိမ်ကြိမ် ပွတ်ပစ်လိုက်သည်။ သူ ထထိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါသော်လည်း မျက်လုံးတောင် ပွင့်မလာပါချေ။

နောက်ဆုံးမှာတော့ သူ အပြည့်အဝ ထိုင်လိုက်နိူင်သော်လည်း အမည်မသိအားတစ်ခုထံမှ ဆွဲချခံလိုက်ရလေသည်။ မတော်တဆဆိုသလို သူ့ခေါင်းနဲ့ ပုခုံးက တိုက်မိသွားကြ၏။ သူ နာတာကြောင့် ပင့်သက်ရှိုက်လိုက်ပြီး ကျန်စုန့်ယိ ဆဲဖို့ရာ ခေါင်းလှည့်ကြည့်လိုက်ရာ ပေါ်ဟွိုက်ကို တွေ့လိုက်ရလေသည်။

ပေါ်ဟွိုက်က ခေါင်းနောက်မှာ လက်တွေနဲ့ ကုတင်ခေါင်းရင်းကို မှီထားတာကို သူ တွေ့လိုက်ရသည်။ ပေါ်ဟွိုက်ကလဲ သူ့ကို မလုံမလဲပုံစံနဲ့ ပြန်ကြည့်နေသည်။

သူက ကျန်စုန့်ယိ ချော့မှာကို အရမ်းပဲ စိတ်ဝင်စားနေပါ၏။

တစ်ယောက်ကိုတစ်ယောက် ၃စက္ကန့်လောက်ကြည့်နေပြီးမှ ပေါ်ဟွိုက်က ငုံ့ကြည့်၍ ,"ရှင်းပြ?"

ကျန်စုန့်ယိမှာ သူ့အမြင်အာရုံနောက်လိုက်၍ ငုံ့ကြည့်လျှင် အသေချည်ထားတဲ့အထုံးကို မြင်လိုက်ရ၏။ ရုတ်တရက်ကြီး သူ နိုးကြားသွားကာ မြန်မြန်တုံ့ပြန်လိုက်သည်။ "ပေါ်ဟွိုက် မင်းအခုထိ ချည်ကြေးကစားနေတုန်းလား?အဲ့လောက် ကလေးဆန်တယ်? "

ပေါ်ဟွိုက်က ခေါင်းညိတ်သည်,"ကလေးဆန်တယ်။ ဟုတ်တယ်မလား? အရမ်းအရမ်းကို ကလေးဆန်ပြီး လက်ခံလို့ကိုမရဘူး"

"..."

ကျန်စုန့်ယိမှာ သူ အခု အဆူခံနေရသလို ခံစားလိုက်ရသည်။

ကျန်စုန့်ယိက လက်ယမ်းပြလိုက်ပြီး မျက်နှာလေးက အပြစ်ကင်းစွာဖြင့်,"ထားလိုက်ပါတော့၊ ငါမင်းနဲ့ စကားမများတော့ဘူး။ မြန်မြန်သာ ဖြေစမ်းပါ! နန်ချန်ကို ပြန်ဖို့ ၅နာရီ ၆နာရီလောက်ကြာဦးမှာ..ကြာနေရင် ငါအထင် မင်းရွေးချယ်စရာမရှိပဲ မင်းအဖေနဲ့ချိန်းပြီး မတွေ့လိုက်ရပဲနေမယ် "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now