2A1O Chapter《83》

4.2K 640 7
                                    



" ကျန်စုန့်ယိ မင်းက ငါ့ရဲ့ကမ္ဘာလေး "



ကျန်စုန့်ယိမှာ မကောင်းတဲ့ခံစားချက်ကြီးရလာသည်။

သေချာပေါက်ကို သူ့ခံစားချက်တွေက မှန်ကန်နေ​၏။

ပေါ်ဟွိုက်က သူ့ခေါင်းလေးကို ပွတ်ပေး၍ ဖြည်းဖြည်းချင်းဆိုလာသည်။ " ဆောင်းရာသီ အားလပ်ရက်ပြီးရင် ငါ ထွက်သွားတော့မယ်။ "

အခုလေးတင် အသက်ဝင်နေခဲ့ပါသော ကျန်စုန့်ယိမှာ ရုတ်ခြည်း တောင့်တင်းသွား​၏။

သူက ခေါင်းငုံ့သွား၍ နှုတ်ခမ်းလေးစေ့ကာ ဘာမှ မပြောလာ။

ပေါ်ဟွိုက်သည် ရှဉ့်ကလေးရဲ့အမြီးလေး ကုပ်ကျသွားတာကို မြင်လိုက်ရလျှင် စိုးရိမ်သွားပြီး အပြစ်ရှိသလိုခံစားလိုက်ရသည်။

" ငါ့ အိမ်ထောင်စုစာရင်းက ပေချန်မှာပဲရှိတာလေ။ ဒီကို ပြောင်းမလာခဲ့ရဘူးဆိုတော့ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက်ပြင်ဖို့ ပြန်သွားရမှာ။ ပေါ်ဟန် စရိုက်နဲ့ဆို မင်းသိတဲ့အတိုင်း.... ငါလမ်းကို ရောက်လာမယ့် အရာတွေ အများကြီးရှိမှာပဲ။ ငါမင်းကို စောစောစီးစီးပြောပြချင်ပေမယ့် မင်းဝမ်းနည်းသွားမှာ ကြောက်လို့။ "

ကျန်စုန့်ယိက ခေါင်းငုံ့လျက် ဗလုံးဗထွေးဖြင့် " ငါမင်းကို ဒါအတွက် အပြစ်မတင်ပါဘူး။ မင်းအပြစ်မဟုတ်တာ ငါသိတယ် "

" ငါ့ကို အပြစ်တင်ပါ​။ ငါ အဲဒီတုန်းက ချန်မထားခဲ့သင့်ဘူး " ပေါ်ဟွိုက်က ယဲ့ယဲ့မျှ ပြုံး၍ " အခု ငါ စောစောလေး ကျိုးကြောင်းမဆီလျော်ပဲ မင်းကို ရအောင်, မစတင်ခဲ့တာကို နောင်တရတယ်။ ငါက တိရစ္ဆာန်လိုမျိူး မင်းကို စောစောစားခဲ့ရမှာ "

ပုံမှန်ဆို ပေါ်ဟွိုက် ဒီလိုမျိုးတွေပြောရင် ချက်ချင်းအရိုက်ခံရမည်ဖြစ်သော်လည်း ဒီနေ့မှာတော့ ကျန်စုန့်ယိဟာ ခေါင်းသာငုံ့လျက် ဗလွတ်ဗလွတ်ပြောကာ မလှုပ်။

ဒါက တကယ်ကို ဝမ်းနည်းနေတာပင်။

ပေါ်ဟွိုက် သက်ပြင်းချလိုက်ရင်း သူ့ကို ပိုတိုးဖက်လိုက်သည်။ " ငါက လူယုတ်မာကြီး။ မင်း ငါ့ကို ရိုက်လို့ရတယ်.... ငါပြန်ရန်မဖြစ်ဘူး။ စူအောင့်ပြီး ဒေါသတွေဖြစ်မနေနဲ့လေ။ "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now