2A1O Chapter《57》

6.5K 859 18
                                    

|| Unicode ||

" ငါ့အပိုင် အမှတ်အသား "

ချဥ်စူးသွားတဲ့မျက်နှာနဲ့ ကျန်စုန့်ယိမှာ ရွှီကျားရှင်းနဲ့ ယန်ယွဲ့တို့ထံမှ ပေါင်အဖက်ခံလိုက်ရပြီး Handprint နှိပ်လိုက်ရတော့သည်။

သူ့အနေနဲ့ ပေါ်ဟွိုက်ဟာ အရမ်း တွန့်တိုလွန်းသည်ဟု ခံစားရသည်။

ပြီးတော့ သူက ကျန်စုန့်ယိကို ကြိုက်တယ်လို့ကပြောသေးတယ်?

အိုး သူကတကယ် ဆန်ကုန်မြေလေးပဲ!

သေချာပေါက်ကိုပဲ သူ့ကို ချစ်ပြီး အတူရှိပေးပါ့မယ်ဆိုတဲ့ ကတိမပေးခဲ့သည်က မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုပင် ။

ညဘက် အိမ်ပြန်လာကြသော် ကျန်စုန့်ယိက တစ်လမ်းလုံး ပေါ်ဟွိုက်အား စကားမပြောပါပေ။ သူက အထဲမှ တံခါး Password ကိုပင်လော့ချကာ ညသန်းခေါင်ကြီး သူ့အိမ်ထဲ ပေါ်ဟွိုက်ခိုးဝင်နိုင်မယ့်နည်းလမ်းကို ချေဖျက်လိုက်သည်။

ကြည့်ရသည်မှာ သူက ပေါ်ဟွိုက်နဲ့ သီချင်းတစ်ပုဒ်လောက်တီးဖို့တောင် အလွန်တရာကို ဝန်လေးနေပုံရပါ၏။

ထိုသို့ဆိုလျှင်တောင် မသိလိုက်ပါဘဲ သူဟာ စန္ဒယားခန်းထဲကို လျှောက်သွားမိလိုက်ဆဲပင်။

ကျန်စုန့်ယိနေတဲ့ စံအိမ်သည် သုံးထပ်တိုက်ဖြစ်သည်။ တတိယထပ်၌ စဉ့်ကူးအမိုးခုံးနှင့် ပိုကျယ်သည်။ Republician ခေတ်က ခရစ်ယာန်ဘုရားကျောင်းများတွင် အသုံးများသော ကာလာပြတင်းပေါက်စက္ကူများဖြင့် ကပ်ထားတာဖြစ်သည်။ နေဝင်သွားသည်နှင့် အလွန်လှပသော ပြတင်းပေါက်ကျယ်ကြီးတစ်ခုလည်း ဖြစ်လေသည်။ လေတိုက်လိုက်သည်နှင့် အလွန်လှပလွန်းပါတဲ့ အဖြူရောင်ပိတ်စ ကန့်လန့်ကာက တလွင့်လွင့် ဆိုတာကို မပြောတော့နှင့်။

သစ်သားကြမ်းပြင်မှာ လွတ်နေပြီး အဖြူရောင် Grand စန္ဒယားတစ်လုံးအား သိမ်းဆည်းထားသည်။

ကျန်စုန့်ယိ စန္ဒယားအဖုံးကို မ,ကြည့်လိုက်သည်။

အိမ်ကိုလာတဲ့ အိမ်ဖော်က ဝီိရိယရှိပြီး စေ့စပ်လွန်းတာကြောင့် သူ လေးငါးနှစ်တိုင် မထိခဲ့တာတောင် စန္ဒယားမှာ ဖုန်ဟူ၍မရှိပေ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Kde žijí příběhy. Začni objevovat