2A1O Chapter 《1》

27.1K 2K 152
                                    

Unicode

"နန်ချန်က Alphaအဆန်ဆုံး Alpha"

နန်မြို့တော် (နန်ချန်) နွေရာသီမှာ အမြဲလိုလိုပင် မိုးရာသီနှင့် ဒွန်တွဲလျက်ရှိသည်။ ဩဂုတ်လမှာ မိုးဆက်တိုက်ရွာသည်။ ကောင်းကင်ကြီးက မဲမှောင်ကာ မိုးစက်တို့ကလည်း မြက်ခင်းပေါ်သို့ တပေါက်ပေါက် ကျနေသည်။

နန်မြို့တော် နိုင်ငံခြားဘာသာကျောင်း၊ တတိယနှစ်၊ အခန်း(၁)တွင်တော့ မီးအလင်းများက တောက်ပစွာဖြာထွက်လျက်ရှိ​၏။ Group​၏ လူများသည် အဖြေလွှာပတ်လည်တွင် စုဝေးလျက် အသဲအသန် ရေးနေကြသည်။

"ရွှီကျားရှင်း, မင်းလုပ်နိူင်တာလား၊မလုပ်နိုင်တာလား? လက်ရေးကလဲ စုတ်ပြတ်နေတာပဲ! လခွမ်း ဘယ်သူကဖတ်နိုင်တော့မှာလဲ?"

"မင်းဖေကို မင်းဘယ်လိုတောင်ပြောလိုက်တာလဲဟ ? မင်း ကူးချင်တယ်ဆိုလဲ ကူးလေ! မဟုတ်ရင်လဲ လစ် "

"အဖေ! ကျွန်တော်မှားပါတယ်။ အဖေလို့! အင်္ဂလိပ်အိမ်စာ စာအုပ်ရော ငှားပေးလို့ရမလား? ကျွန်တော်လက်နှစ်ဖက်လုံးနဲ့ ကူးနိုင်တယ် အဖေ! ပီလိစ့်"

မိုးရွာနေသည့်အသံနှင့် စာသင်ခန်းထဲက ပွက်ပွက်ညံနေသည့်အသံမှာ အတူ ရောထွေးလျက်သား။ ပြတင်းပေါက်ဘေးက နောက်ဆုံးအတန်းရှိ ခုံတွင် အိပ်နေသော ကောင်လေးမှာ စိတ်မကျေနပ်သလို ဖြစ်လာရသည်။

သူ့ခေါင်းနောက်ရှိ လက်တို့မှာ တဖြည်းဖြည်းကွေးလာကာ နှစ်ခါလောက် ကုတ်လိုက်​၏။ ကိုယ်ကို မတ်မတ်ရပ်လိုက်ကာ ရှေ့သို့ကြည့်လိုက်သည်။

ထို့နောက် ခုံကို ပြန်မှီလိုက်ပြီး ခုံကို ယိမ်းနေလိုက်သည်။ သူ့လက်တွေကလဲ
ပျော့ခွေစွာ တွဲကျနေသလို ခြေထောက်များကတော့ ပျင်းရိစွာ မြေပြင်တွင် နေရာယူထားသည်။

သူ​၏ နက်မှောင်ကာကြည့်ကောင်းတဲ့ မျက်ခုံးများကတော့ အားဖျော့စွာ တွန့်ချိူးနေကြပြီး ဖျော့တော့နူးညံ့သည့် အသားအရေပေါ်တွင် ခပ်မှိန်မှိန်အရိပ်ကျနေ​၏။

ရွှီကျားရှင်မှာ အရှေ့ခုံကနေ သူ့ကို တချက်မျှလှည့်ကြည့်လိုက်သေးသည်။ သခင်ငယ်လေးကတော့ အိပ်ရာမှားပြီး ပြန်နိူးလာပြန်ပြီ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now