2A1O Chapter 《28.1》

6.3K 950 28
                                    



『ငါမင်းကိုချော့ပါမယ်,မင်းလည်းငါ့ကို ချော့』



နှစ်ယောက်သား ထိုင်ချလိုက်သည့်အချိန်တွင် ကျန်ငါးယောက်မှာလည်း လှေကားနဲ့သိပ်မလှမ်းတဲ့ စားပွဲဝိုင်းကြီးတွင် ထိုင်နှင့်နေပြီဖြစ်သည်။

ယန်းယွဲ့ က သူ့လက်ကို ယမ်းကာ အော်သည်,"ဘောစ့်!"

ထို့နောက် သူက လှည့်လာကာ စားပွဲနဲ့ ထိုင်ခုံတွေကို သေသေချာချာ တသျှူးထုတ်၍ သုတ်နေသည့် ပေါ်ဟွိုက်ကို ပြောလာသည်။

"ပေါ်ယဲ့ ကျေးဇူးပြုပြီး မင်းတို့နှစ်ယောက်လေ တခြားသူရဲ့ အခက်အခဲတွေကို ပိုပြီးဂရုစိုက်ပေးပါဦးလား? ဒီထိုင်ခုံကနည်းနည်းတော့ ဖုန်ပေနေပေမယ့် မင်းဖင်ထိုင်လိုက်ရင် ဆွေးသွားမှာတော့မဟုတ်ပါဘူး! ဒီ 'ယန်း'ရဲ့ နာမည်ကိုပျက်အောင်လုပ်ချင်နေလို့များ မင်းက သုတ်ပစ်နေတာလား ?"

ပေါ်ဟွိုက်က မော့ကြည့်မလာသည့်တိုင် ကျန်စုန့်ယိကတော့ ယန်းယွဲ့ကို တစ်ချက်မျှကြည့်လာခဲ့သည်။

ယန်းယွဲ့ရဲ့ အမူအရာက ပြောင်းမသွားပါဘဲ အေးဆေးနေခဲ့သည်။

"ဒီယန်းက ကောင်းတဲ့နာမည်တွေနဲ့ မသင့်တော်ပါဘူး။ ပေါ်ယဲ့လုပ်တာ အရမ်းကောင်းတယ်!"

လုချီဖုန်းမှာ မရယ်ဘဲမနေနိုင်တော့။

"ပါရမီရှိတဲ့သူလေးပဲ."

"ဟီးဟီး! ငါက ပြင်လွယ်ပြောင်းလွယ်တယ်လို့ ခေါ်တယ်!"

ယန်းယွဲ့က ပြုံးလိုက်ပြီးခေါင်းကိုလှည့်လိုက်ကာ ဆော်ဩလာသည်။

"မန်နေဂျာ မစ္စရေ, ခင်ဗျားမလာသေးဘူးလား?"

"လာပါပြီ!လာပါပြီ"

ကြင်နာတတ်တဲ့ပုံစံဖြစ်ပေမယ့် အလွန်ပိန်ပါးလှတဲ့ မိန်းမကြီးတစ်ဦးက menuကဒ်နဲ့ အမြန်ရောက်လာခဲ့သည်။သူမမျက်နှာပေါ်တွင်ပါးရေတွန့်ကြောင်းတွေက နက်ရှိုင်းစွာရှိနေသဖြင့် သူမက ၄၀လား ၅၀လားပင် မပြောနိုင်တော့ပါချေ။

သူမက အားတုံ့အားနာဖြင့် ပြုံးပြလာခဲ့သည်။

"အခုမှ ၅:၃၀ပဲရှိသေးတာလေ!ငါတို့ မဖွင့်သေးပါဘူး။ မင်းတို့တွေက အရမ်းအစောကြီးလာခဲ့ကြတာပဲ"

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now