2A1O Chapter《52》

6K 955 19
                                    

Unicode

" ငါနည်းနည်းလေးတော့ မင်းကိုကြိုက်တယ် "


"ဘန်း" ဟူသော အသံဖြင့် မီးရှူးမီးပန်းတွေက အချိန်မှီ ပေါက်ကွဲကုန်​၏။
တစ်ခု ပြီးတစ်ခု အနက်ရောင် ညကောင်းကင်မှာ ရောင်စုံဖြာကာ ပေါက်ကွဲကုန်သည်။  ဆူညံပေမယ့်လဲ တကယ့်ကို လှပလှပါ၏။

ရေပူစမ်းအတွင်း​က ရယ်မောသံ၊ဆဲရေးသံနဲ့ ဒွိဟဖြစ်စရာအတွေးတို့မှာလည်း တမဟုတ်ချင်း လွင့်ပျယ်ကုန်သည်။

ပေါ်ဟွိုက် အသံက ပုံမှန်အတိုင်း ဂရုမစိုက်သလို ပြန်ဖြစ်သွား​၏ ။ "ကောင်းပါပြီ, ကျွန်တော်သိပြီ "

သူ​က ဖြည်းဖြည်းချင်း ထ၍ Bathrobeကို ဝတ်ကာ ဖုန်းကိုကောက်ပြီး ထွက်သွားသည်။ ကျန်စုန့်ယိလဲ လိုက်ပြီး ထလိုက်လျှင် ပေါ်ဟွိုက်က သူ့ကို နောက်ပြန်ကြည့်ကာ ပေါ့ပေါ့ပင် ပြောလာ​၏ ။ "ငါ့ကို ဒီမှာပဲစောင့်! "

ချေပခွင့်မပြုပေ။

ပေါ်ဟွိုက်က ကျန်စုန့်ယိကို အချိန်တွေအကြာကြီး ချော့ပေးလာရတာကြောင့် သူ့မှာလဲ ဒီလို လွှမ်းမိုးစေ့ဆော်နိုင်တဲ့အင်အား ရှိသေးတယ်ဆိုတာကို မေ့လုနီးပါးဖြစ်သွားရသည်။

သို့ပေမယ့် ဒါက ပေါ်ဟွိုက်ဆုံးဖြတ်ချက်ဖြစ်လို့ သူ သူ့ကို တွန်းအားပေးပြီး နေရမခက်စေချင်ပါ။

"ကောင်းပြီ, ငါမင်းကိုစောင့်နေမယ် "

အချိန်အကြာကြီးစောင့်ခဲ့ရသည်...

ကျန်စုန့်ယိသည် ပေါ်ဟွိုက်ထားခဲ့တဲ့ ထိုနေရာမှာပဲရပ်၍ သူ့လက်တွေကို bathrobe အိတ်ထောင်ထဲထည့်ရင်း ကောင်းကင်က မီးပန်းတွေကိုမော့ကြည့်လိုက်သည်။ ထို့နောက်မှာတော့ ရုတ်တရက် ဒါဟာ တကယ်ပဲ ဆောင်းဦးနှောင်းပိုင်းရာသီပါလားလို့ ခံစားလာရ​၏။
ဒီညမှ ဘာလို့ အရမ်းအေးနေရတာလဲ?

သူ ပေါ်ဟွိုက်ရဲ့ Alphaအဖေကို မကြိုက်ပါ။ သူနဲ့ အများကြီး ဆက်ဆံတာမျိူး မရှိခဲ့သော်ငြား သူ့မှတ်ဉာဏ်ထဲမှာ ကျန်ရှိနေသေးသည်က ပက်ပင်းကြုံဖူးသည့် သူ့ရဲ့ အေးစက်တဲ့ အသွင်အပြင်ပင်။

သူက ၆နှစ်အရွယ် ပေါ်ဟွိုက်ကလေး ဖခင်ကို ဆုံးရှုံးခဲ့ရစဥ်က မစ္စတာပေါ်ကပြောခဲ့သည် ; ငိုတော့ ဘာအသုံးကျလဲ။ မင်းငိုရင် မင်းအဖေက ပြန်ရှင်လာမှာလား? မလာဘူး၊ ဒါကြောင့် အခု စာသွားလုပ်တော့" ဟူ၍။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now