2A1O Chapter《54》

6.9K 894 55
                                    

|| Unicode ||

" ရူပဗေဒဘောလုံးက မင်းလောက် ချစ်စရာမကောင်းဘူး "

ကျန်စုန့်ယိမှာ ပေါ်ဟွိုက်အခြေအနေနဲ့ဆိုလျှင် ပင်လယ်ထဲသွားဖို့ စာရင်းသွင်းခံရမယ်ဆိုရင်တောင် အကောင်းဆုံးရွေးပိုင်ခွင့်ဖြစ်လိမ့်မည်ဟု ခံစားရသည်။ အမြောက်အမြားမရှာနိုင်ရင်တောင် ဆင်းရဲတွင်းကတော့ သူ့ပန်းကန်ထဲကို စားစရာယူရင်း ချမ်းသာတဲ့ လူမှုအဖွဲ့အစည်းဆီကို အပြေးရောက်လာလိမ့်မည်။

ပေါ်ဟွိုက်ကတော့ တည်ကြည်စွာ ငြင်းဆိုလာသည်။ "ငါက ရိုးသားတော့ အဲ့လိုအရာမျိုးတွေ လုပ်မှာ မဟုတ်ဘူး "

" ဒါဆိုလဲ ဆက်ရိုးသားလိုက် " ကျန်စုန့်ယိက ကြမ်းကြမ်းပင်ပြောလိုက်ပြီး ပုစွန်တစ်ကောင်ယူ၍ ဖြည်းဖြည်းချင်း အခွံခွာလိုက်သည်။ " မင်းမှာနေစရာ နေရာနဲ့ စားဖို့ရာကတော့ ရှိပါတယ်။ မင်းအဖေမင်းကို ပိုက်ဆံမပေးရင်တောင် မင်း ငတ်မသေနိုင်ပါဘူး "

" ကောင်းပြီ အဲ့လိုပဲပေါ့။ ပြီးတော့ ငါဘာသာလဲ ဖြေရှင်းနိုင်ပါတယ်။ တက္ကသိုလ်တစ်ခုမှာ ငါဝင်ခွင့် ရတဲ့အချိန်ရောက်လာရင် နွေရာသီအားလပ်ရက်မှ အလုပ်လေးခုလောက်လုပ်ပြီး ကျူရှင်ကြေးကို စုမယ်။ ပြီးရင်တော့ ရထားကို ၂၄နာရီလုံးလုံး မတ်တပ်ရပ်စီးပြီး အိမ်ပြန်မယ်။ ငါ နေ့ဖက်တော့ အတန်းတက်ပြီး ညဘက်တွေမှာ အလုပ်လုပ်မယ်။ ငါ့မှာ နေ့ရောညပါအတန်းတွေရှိလိမ့်မယ်။ တစ်နေ့သုံးနပ်က ပေါင်မုန့်မီးကင်နဲ့ ဟင်းရွက်ဆားစိမ်တွေပဲ စားမယ်။ ဆောင်းရာသီရောက်ရင် ငါ့မှာ ကုတ်အင်္ကျီကောင်းကောင်းတောင်မယ ရှိမှာမဟုတ်ဘူး။ ငါ့ခြေထောက်တွေ၊ လက်တွေ သေအောင်နာလိမ့်မယ်။ အရမ်းအေးလာလို့ နှာရည်တရွှဲရွှဲနဲ့ အဖျားတွေတက်လိမ့်မယ်။ ပြီးတော့ ပေချန်က ငါ့အတန်းဖော်ဟောင်းတွေနဲ့ ပြန်တွေ့တဲ့အချိန်မှာ သူတို့က ငါ့ကို ငါဘာလို့ ဒီလောက် ဆုတ်ယုတ်သွားရတာလဲလို့ မေးကြလိမ့်မယ်။ အဲ့ဒါဆို ငါက တစ်ခုပဲပြောမယ်၊ ကျန်စုန့်ယိ အမည်ရှိတဲ့လူတစ်ယောက်က သစ္စာလည်းမရှိသလို အသည်းနှလုံးမရှိဘူးလို့။ သူက ငါ့ကိုထောက်ပံ့ပေးမယ်ပြောပေမယ့် ငါ့ဘဝကို  ပင်လယ်ထဲ ပစ်လိုက်ဖို့ပြောခဲ့တယ်။ ဒါပေမယ့်လဲ ငါက အပြတ်ပြောခဲ့ပြီး အသန်မာဆုံးဖြစ်အောင်ကြိုးစားရင်း ကိုယ့်ဝမ်းကိုယ် ကျောင်းနေတာလို့ "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Nơi câu chuyện tồn tại. Hãy khám phá bây giờ