2A1O Chapter 《30》

7.5K 990 42
                                    


『ပေါ်ဟွိုက်ကို ကံကောင်းခြင်းတွေ ပေးစွမ်းဖို့ တစ်ခုခုလုပ်ပေးချင်တယ်』


ထွေးဖက်ပေးခြင်းက ပေါ်ဟွိုက်ကို ရပ်တန့်သွားစေခဲ့သည်။

ဒါက ကျန်စုန့်ယိ သူ့ကို ဖက်တာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ သူတို့ ငယ်ရွယ်စဉ် ဘာမှမသိကြခင်အချိန်က ကျန်စုန့်ယိက နေ့စဉ်နေ့တိုင်း သူ့ကို ဖက်တွယ်ထားတတ်သည်။ နောက်ပိုင်းမှာတော့ သူတို့တွေ အသွင်ကွဲခြင်းနဲ့ Heat တို့အကြောင်းကို သိလာခဲ့ကြတဲ့အချိန်မှာ သူ သူ့ကို ထပ်ပြီးမဖက်တော့ပေ​။

သို့တိုင် အခုအချိန်ခံစားနေရတာက အလွန်ကို ကွဲပြားနေသည်ဟု သူတို့ ခံစားနေကြရသည်။ အရင်တုန်းကတော့ ၎င်းဟာနူးညံ့ပြီး ဘာအဓိပ္ပာယ်မှလဲပါဘဲ ဒီအတိုင်း နောက်ပြောင်တတ်တာလေးသာဖြစ်သည်။

ဒီဖက်တွယ်မှုဟာ တောင့်တင်းပြီး သူကအရင် လက်ဦးထားတာဖြစ်နေပေမယ့် သဘောပေါက်ဖို့တော့ လွယ်ပါသည်။ ဒါကနေရခက်တဲ့ နှစ်သိမ့်ပေးမှုမျိုးပင်။

ပေါ်ဟွိုက်မှာ ကျန်စုန့်ယိက တကယ်ပဲ ဖက်ပေးလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ဖူးခဲ့ပေ။

ပထမမှာတော့ ကျန်စုန့်ယိရဲ့"ညီအစ်ကို"ဆိုတာကြောင့် သူနည်းနည်းလေး ဒေါသထွက်သွားရပြီး နည်းနည်းလောက် စ,ချင်မိတာဖြစ်သည်။ အဲ့ဒီအစား ရုတ်တရက် သူ နှစ်လိုဖွယ်ကောင်းတဲ့ Surprise ကို ရလိုက်လေသည်​။

ထိုအခိုက်အတန့်တွင် ဘယ်လိုအခြေအနေမျိုးမဆို မတုန်လှုပ်ပါဘဲ အမြဲတစေ အလွယ်ကလေး ကိုင်တွယ်နိူင်တဲ့ ပေါ်ဟွိုက်ဟာ သူ့လက်တွေကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ပေ။ သူက ဒီတိုင်း တောင့်တောင့်ကြီးသာ ရပ်နေမိပြီး ကျန်စုန့်ယိဖက်ထားတာကိုလဲ တောင့်တောင့်ကြီး ခံနေခဲ့သည်။ မူလက ပြန်ဖက်လိုက်ပြီး အခွင့်အရေးယူကာ နည်းနည်းလောက်စ,လိုက်မည့် အကြံအစည်ကိုလဲ လုံးဝကို မေ့လျော့သွားပြီဖြစ်သည်။ ကျောပိုးအိတ်ကြိုးကို ကိုင်ထားတဲ့သူ့လက်မှာလဲချွေးစေးများပြန်လာသလို ခံစားလိုက်ရသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now