2A1O Chapter《2》

13.5K 1.8K 60
                                    

Unicode

"ငါ့တင်ပါးက အတော်လေး တန်ဖိုးကြီးတယ်"


စာသင်ခန်းထဲတွင် တိတ်ဆိတ်လို့နေသည်။

အားလုံးက တံခါးဆီကို ကြည့်နေကြပြီး တုံ့ပြန်မှုကို စောင့်နေကြသည်။

ကျောင်းသားသစ်မှာ လွယ်လွယ်ပေါင်းလို့ ရမည့်ပုံစံမရှိပေ။ သူ​၏ Pheromone နံ့များကို ထိန်းထားသည့်တိုင် အဲ့ဒီမှာရပ်နေတာနဲ့ပင် လူတွေကို ထိတ်လန့်စေသလို ခံစားရစေသည်။

ကျန်စုန့်ယိလည်း အင်အားကြီးသည့်တိုင် အဆုံးမှာတော့ သူက ခုထိ ခွဲခြားမှုမလုပ်ရသေးသူဖြစ်လေသည်။ ဤကဲ့သို့ Alphaမျိူးနှင့် ထိပ်တိုက်တွေ့ရပါက သူ အသာစီးရမည့်ပုံစံမရှိပါချေ။

မည်သို့ဆိုစေ 'ခပ်ကြီးကြီးရိုက်ချက်'လေးကတော့ အစမှအဆုံးထိ မည်သည် တုံ့ပြန်မှုမှမပေးလာပေ။ သူသည်  မျက်ခုံးများ နီးကပ်လျက် ရပ်နေပြီး အမူအရာကလဲ ထူးခြားလို့နေသည်။ မည်သည့် မလိုအပ်သော စိတ်ခံစားမှုမျိူးမှ မတွေ့ရပါချေ။

ဟုတ်နေပြီ! ထိပ်ဆုံးရောက်နေသလို ဟန်ထုတ်တဲ့ နောက်တစ်ယောက် ရောက်လာပြန်ပြီ!

အထက်တန်း အခန်း(၁)က အတန်းသားများသည် သူတို့ကံအတွက် သက်ပြင်းချလိုက်မိကြသည်။

သူတို့ အတန်းပိုင်ဆရာ လောင်ပိုင်ကတော့ ကို့ယို့ကားယားနိုင်သွားသည်ကို မတုံ့ပြန်လာခဲ့ပေ။ သူက ရယ်မောလျက် ဖြေးဖြေးပဲ ပြောလာခဲ့သည်။

"အိုး! ကျောင်းသား ကျန်စုန့်ယိက ဟာသလုပ်ရတာကြိုက်နေတုန်းပဲလား။ မင်းတို့နှစ်ယောက် က ပုံစံတွေ တူနေတော့ 'ပေါ်ဟွိုက်' မင်း ကျန်စုန့်ယိရဲ့ဘေးမှာ သွားထိုင်လို့ရတယ်"

............ ဘယ် မျက်လုံးက သူတို့နှစ်ယောက်က ပုံစံတူတယ်လို့ မြင်လိုက်တာလဲ...

အားလုံးမှာ ကျန်စုန့်ယိ သို့မဟုတ် ပေါ်ဟွိုက်က လက်ထောင်၍ ကန့်ကွက်လာမည်ကို စောင့်နေကြသော်လည်း ပေါ်ဟွိုက်ကမူ ဖြောင့်စင်းသော ခြေထောက်ရှည်များနဲ့ လျှောက်လာပြီဖြစ်ပြီး သူ့နောက်က အိတ်မှ တသျှူးကိုထုတ်ကာ စားပွဲကို ဂရုတစိုက်ပဲ သုတ်လိုက်လေသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now