2A1O Chapter《62》

5.7K 759 23
                                    

" ထွက်ပြေးသွားတဲ့ ဇနီးလေး "

ကျန်စုန့်ယိဟာ အရက်နာကျတာကြောင့်နဲ့ မနေ့ညက သူ့ကို အလွန်အကျွံ ကောင်းအောင်လုပ်ပေးခဲ့တာတွေကြောင့် ခေါင်းကိုက်လျက် နိုးလာခဲ့ရလေသည်။

သူ အရက်နာကျနေတာလား။

သူဟာ တဏှာရာဂမှာ အရသာတွေ့ခဲ့လေသလား။

ကျန်စုန့်ယိကတော့ သိပ်ပြီး မှတ်မိပုံမပေါ်ပေ။

ကျန်စုန့်ယိဟာ သူ့ဘာသာသူ စိတ်မရှည်စွာဖြင့် လှည့်ဖို့ကြိုးစားလိုက်ပြီး မျက်မှောင်ကြုတ်နေမိတာတွေကို ပွတ်လိုက်မိသည် ။

သို့ပေမယ့် အိပ်ရာပေါ်ကတော့ ရွှေ့မရဖြစ်နေခဲ့​၏။

သူ ပိတ်မိနေတာပင်။

ကြောင်တက်တက်နဲ့ သူငုံ့ကြည့်လိုက်ပြီး သူ့ပုခုံးပေါ်က လက်တွေကိုတစ်ချက်ကြည့်လိုက်မိသည်။

လက်တွေ? လက်တွေတဲ့??!

သူ အသက်အောင့်၍ အောက်ကိုငုံ့ကြည့်လိုက်မိသည်။

Pajamas... Pajamasက...သူလဲထားတာ။

အိပ်ယာခင်းတွေကလဲ လဲထားသည် ။

ပေါ်ဟွိုက် အဝတ်တွေကလည်း လဲထားပြန်သည်။

အမှိုက်ပုံးထဲက တသျှူးတွေဟာ သူနဲ့ သောင်းချီမကသော သားတွေမြေးတွေကို မြှုပ်ထားပေးနိုင်သည်။

သူ အကုန်လုံးကို မှတ်မိပါ​၏။

အရေးမကြီးပါဘူး။ မနေ့ညက 'သူ' မဟုတ်ဘူး။

အဲ့ဒါက သူ့ကိုပိုင်စိုးသွားတဲ့ ပီယာနိုခန်းက အသက်မပါတဲ့ ကိုယ်တစ်ခုပဲ။ ဒါကြောင့် နည်းပညာအရ ဒါဟာ သူနဲ့ လားလားမှမဆိုင်။

ဒါပေါ့...ဒါပေါ့...ဒါပဲလေ... သူ အေးအေးဆေးဆေးဖြစ်တာ ကောင်းတယ်။

အမ်း..အေးဟ...ဒါပေမယ့်လဲ သောက်ချီးပါပဲ! ဒါကြီးပြီးနောက်ပိုင်း စောက်ကျိူးနည်း ဘယ်သူ့ကိုမှ တွေ့နိုင်စရာအကြောင်းရှိမနေဘူး!

ကျန်စုန့်ယိဟာ သူ့ကိုယ်သူ ပုစွန်လို ကွေးလိုက်၍ မျက်နှာကို လက်ဖဝါးတွေနဲ့ အုပ်ထားလိုက်မိ​၏။ သူ နောက်တစ်ခါတခြားဘယ်သူ့ကိုမှမမြင်ရတော့ဖို့ မျှော်လင့်လိုက်မိသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now