2A1O Chapter《81》

4.1K 670 43
                                    

" ပျော်ရွှင်စရာ နှစ်သစ်ကူး "



ကလိမ်ကကျစ်ကောင်! လူလိမ်!

ကျန်စုန့်ယိ သူ့ခုံကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်သွားလိုက်သည်။ သူက ပေါ်ဟွိုက်ခုံကို ရိုက်ချလိုက်ပြီး " 300 " လို့ ရေးထားမယ့် စာရွက်နဲ့ ပစ်ပေါက်နိုင်ဖို့ ဆုတောင်းမိသည်။

" နောက်ဆုံးစာမေးပွဲမှာ အဆင့်၁က ဘာလဲ?!"

သူ့လေသံဟာ ပထမဆုံးအကြိမ် အဆင့်ပထမနေရာ လုယူခံလိုက်ရစဉ်ကထက် ပိုကြမ်းနေ​၏။

မည်သို့ဆိုစေ ပေါ်ဟွိုက်သည် ပထမဆုံး ကျန်စုန့်ယိဆီက အဆင့်၁နေရာကို လုယူလိုက်တုန်းက သူတကယ် မပျော်နေခဲ့တာဖြစ်သည်။သို့သော် အခုမူ သူက တရစပ်ထိုးနှက်ချင်ရုံသာ။

ဘာပဲဖြစ်ဖြစ် ကျန်စုန့်ယိလိုလူမျိုးက သူရအောင်လုပ်ပေးလို့ပြောဖို့ လုံးဝမဖြစ်နိုင်သလို အခုတော့ ဒါက စိတ်ဆတ်တဲ့ရှဉ့်ကလေးရဲ့ တစ်မူထူးတဲ့ ဟန်ဆောင်ခြင်းမျိူးသာဖြစ်တာကြောင့် သူ့ကို နေ့စဉ်နေ့တိုင်းချော့ရန်သာ ကိစ္စဖြစ်လာတော့​၏။

ပေါ်ဟွိုက်သည်ကား ကျန်စုန့်ယိနောက်မှာ အမွှေးပွကြီးနဲ့ အမြှီးလေးကိုပင် မြင်နိုင်နေသည်။ ၎င်းက သိပ်ကို အမွှေးပွလွန်းလို့ အရမ်းချစ်စရာကောင်းလှသည် ။

အရမ်းချစ်စရာကောင်းလွန်းတော့ ပေါ်ဟွိုက် ကျန်စုန့်ယိဆီကို ခေါင်းယိမ်း၍ နူးညံ့စွာမပြုံးပဲမနေနိုင်တော့။

" ဘာဖြစ်လို့လဲ? ပထမက ငါလေ၊ ရော့ ဒီမှာ။ "

ထို့နောက် သူ့လက်တွေကို သူ့ကုတ်အိတ်ထောင်ထဲထည့်လိုက်ပြီး " ကြည့်လေ... မင်းအိတ်ကပ်ထဲမှာ ရောက်နှင့်ပြီးသားကို "

"....."

သုံးစက္ကန့်အကြာ ကျန်စုန့်ယိ မျက်နှာမှာ နီရဲလာရလျက်။

သူ့အသံက အလွန့်အလွန်ကျယ်လာပြီး " မင်း လူယုတ်မာ! မင်း ငါနဲ့ စကားဂိမ်းလာကစားနေတာပဲ! ဒီအဆင့်က ပထမလို့ ဘယ်သောက်ကျိုးနည်းကပြောလိုက်တာလဲ? "

ပေါ်ဟွိုက်က သူ့မျက်လုံးတွေ ကျဉ်းနေဆဲဖြစ်ပြီး ပြုံးလျက်ပင်။ သူက " ဒါဆို မင်းက ငါ့ကို အဆင့်ပထမဖြစ်တာမလိုချင်ဘူးပေါ့ "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now