2A1O Chapter 《27》

7.6K 993 25
                                    



『ကျန်စုန့်ယိက အနိုင့်ကျင့်ဖို့လွယ်တယ်လို့ ပေါ်ဟွိုက်က ထင်နေတယ်』



သူတို့က ဘေးတိုက်ပုခုံးယှဉ်လျက် လှဲနေခဲ့ကြပြီး လေကလဲ ငြိမ်သက်စွာ တိုက်ခတ်နေခဲ့သည်။ သူတို့ဘေး ပတ်ပတ်လည်ရှိ အင်းဆက်တို့​၏ ငိုသံများက ပို၍ပင် ရှင်းလင်းလာရပြီး osmanthusရဲ့ ချိုမြိန်တဲ့အနံ့ကလဲ အလားတူစွာ နူးညံ့နေခဲ့ပေသည်။

ပေါ်ဟွိုက်က ရုတ်တရက် ထရပ်လိုက်ကာ သူ့လက်မောင်းကို ကွေးထားသည်။ သူ့ညာဘက်လက်တစ်ဝက်ကို ဆုပ်လိုက်ပြီး သူ့ခေါင်းမှာ မှီထားခဲ့​၏။ သူက ကျန်စုန့်ယိကို ငုံ့ကြည့်လာခဲ့သည်။

"ဘာလို့ ငါတို့က သင်တင့်လျောက်ပတ်ဖို့ကို အာရုံထားဖို့လိုတာလဲ ?"

သူ့အနေအထားက မျက်နှာတွေကို နီးကပ်အောင်နေ,နေခဲ့သည်။ သူ့ရဲ့ ခပ်ဖျဖျ အသက်ရှူသံက ကျန်စုန့်ယိရဲ့ ပါးမို့များကိုပွတ်သပ်သွားရာ ပါးလွှာတဲ့ ပန်းရောင်ပြေးပြေးလေးပင် ပေါ်ထွက်လာခဲ့​၏။

ကျန်စုန့်ယိက သူ့ခေါင်းကို ရှေ့တူရူ့သာ ယိမ်းထားပြီး နှုတ်ခမ်းများကတော့ ပါးလွှာတဲ့လိုင်းလေးသဖွယ်ရှိနေခဲ့သည်။သူက ဘာမှမပြောလာခဲ့။

ပေါ်ဟွိုက်က နွေးထွေးတဲ့အသံနဲ့ဆက်ပြီးမေးလိုက်သည်။

"တစ်ခန်းထဲ အတူမနေကြတာမျ်ိုးလား? ကျောင်းကို တစ်ကားထဲ အတူမသွားတာမျိူး? အတူတူမစားတာ? ဒါမှမဟုတ်ရင်ငါတို့တွေ ထိုင်ခုံဖော်တောင် ဖြစ်လို့မရတာလား?"

"အဲ့ဒီလိုမဟုတ်ဘူး!", ကျန်စုန့်ယိက မြန်မြန်သူ့ဘက်ကို လှည့်လာခဲ့သည်။

"ငါဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူး..."

သူ့စကားရဲ့ ပထမပိုင်းတွင် အသံလေးမှာ စိုးရိမ်နေခဲ့သည်။ အဆုံးမှာတော့ ၎င်းက သူ့ရဲ့စိတ်ပူခြင်းတွေကို သူသဘောပေါက်သွားသကဲ့သို့ အားပျော့သွားပြီး ဒီလိုနည်းလမ်းနဲ့ မပြုမူသင့်သလို သူ ခံစားလိုက်ရသည်။

ပေါ်ဟွိုက်မှာတော့ ရုတ်တရက်သူက အနည်းငယ်လေးရည်ရွယ်နေသည်ဟုထင်မိသည်။သူက ရိုးရိုးလေးနဲ့ အနိုင်ကျင့်နေ​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now