2A1O Chapter《78》

4.7K 728 55
                                    

" တကယ် Omega "

—— သူ , ကျန်စုန့်ယိကတကယ် Omega?

ဘယ်သူကမှ ရေရေလည်လည်နားမလည်ကြ။

ယန်ယွဲ့က ကို့ရို့ကားယားဖြင့် ရယ်လိုက်ပြီး " စုန့်ကောကတော့ နောက်နေပြန်ပါပြီ။ "

ရွှီကျားရှင်းကလဲ " ဟဟ " လို့ နှစ်ခါရယ်လိုက်ကာ ပြီးပြီးပျောက်ပျောက်ပုံစံဖြင့် " စုန့်ကောက ဉာဏ်ရွှင်တာပဲ... ဟားဟား"

တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ကိုယ်ကိုလှည့်စားတဲ့ ရယ်သံတွေက သူတို့စာသင်ခန်းကို အသက်ဝင်လာစေ​၏။

နောက်ဆုံးမှာတော့ ကျန်စုန့်ယိကပဲ သူတို့ကို ကြားဖြတ်ဝင်လိုက်သည်။ " ငါနောက်နေတာမဟုတ်ဘူး။ "

ပတ်ပတ်လည်က ရယ်သံများမှာ တန့်ခံသွားကြ​၏။

" ငါက တကယ် Omega "

အားလုံးကြောင်အ ကုန်ကြတော့သည်။

ကျိူးလော့သည်ကား လုချီဖုန်း ရင်ခွင်ထဲမှာ ခွေယိုင်သွားရလျက်၊ ယွီဇစ်ကော်ခမျာ သူအသက်ရှူနေသေးကြောင်းစစ်ဆေးရန် ပုတ်နှိူးနေရသည်။မည်သို့ဆိုစေကာမူ ခဏချင်းပင် သူက ငေါက်ကနဲ့ထလာ၍ Omega ဟူသော စကားလုံးကိုကြားလိုက်ရသည်နှင့် သူ့ဘာသာ သွေးရူးသွေးတန်းအော်ဟစ်တော့သည်။

" ဘယ်သူလဲ?ဘယ်သူက Omegaမလို့လဲ? အခန်း၁မှာ Omega မရှိဘူးဟေ့! ငါလုံးဝ ခွင့်မပြုဘူး! "

လုချီဖုန်းက သူ့ခေါင်းသေးသေးလေးကို စိတ်ဖိစီးစွာပုတ်ပေးရင်း " အဲ့ဒါ ကျန်စုန့်ယိ... "

" မဖြစ်ရဘူး!!!" ကျိုးလော့သည်ကား မာကျင်းထောင် စတိုင်ဖြင့် အော်ဟစ်လိုက်ကာ " စုန့်ကော! ငါ့ကိုပြောစမ်းပါအုံး... မမှန်ဘူးလို့! မင်းက Omega မဟုတ်ဘူး! မဟုတ်ရဘူး "

ကျန်စုန့်ယိက သည်းမခံနိုင်စွာ သက်ပြင်းငွေ့ငွေ့ချရင်း " ငါပါ။ "

ပေါ်ဟွိုက်က အေးအေးဆေးဆေးပင် ဆက်ဖြည့်ပေး​၏ : " သူတကယ်။ "

"....." ဘာသံမှမထွက်တော့သလို ဘယ်သူကမှ တုန့်ပြန်ခြင်းမရှိတော့ပေ။

ဈာပနက တိတ်တိတ်လေး ဖြစ်ပေါ်နေလေရဲ့။

ကျန်စုန့်ယိက ထိုသို့ပြောလာသည့်တိုင် လူတွေမှာ ထိုအကြောင်းကို သံသယဝင်နေဆဲ။ မည်သို့ဆိုစေ ပေါ်ဟွိုက်ကပါ ထိုလှပလေးနက်သည့်မျက်နှာဖြင့် အတည်ပြုပေးလာခဲ့သည်။ ထိုသို့နှင့် အားလုံးမှာ ရွေးစရာမရှိတော့ဘဲ အဖြစ်မှန်ကိုလက်ခံရကြတော့သည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now