2A1O Chapter《85》

4K 624 15
                                    


 『 ငါ့ယောက်ျားကို တွေ့ဖို့အတွက် မိုင်ပေါင်းထောင်ချီ 』




ပေါ်ဟွိုက်ထွက်သွားပြီး နောက် မနက်ခင်းတွင် ကျန်စုန့်ယိ နောက်ကျခဲ့သည်။

စင်စစ် သူ တစ်ဝက်အိပ်မက်မက်နေခိုက် Alarmနာရီမြည်တာကို ကြားသော်လည်း ပေါ်ဟွိုက် ထွက်သွားတာကို မေ့နေခဲ့သည်။ ထို့ကြောင့် သူဟာ အိပ်ရာကထွက်ဖို့ ပေါ်ဟွိုက်လာချော့မှာကို စောင့်မိရက်သားဖြစ်ခဲ့သည်။

သူဟာ မစောင့်တော့ပါဘဲ ဝါးတားတားနှင့်ပင် ပြန်အိပ်ပျော်သွား​၏။

အိပ်ပျော်သွားပြီးနောက်မှာ ပေါ်ဟွိုက်အသံကို ကြားလိုက်ရသည်။

" ပေါင်ပေ့ ထတော့ .. "

" ပေါင်ပေ့ မြန်မြန်ထတော့ "

" မထပြန်ဘူးဆို ငါမင်းကို နမ်းမှာနော် "

" လိမ္မာလေ... ငါ မင်းကို အခုနမ်းလိုက်ပြီ၊ထပါတော့ ဟုတ်ပြီလား? "

ပေါ်ဟွိုက်ရဲ့အသံဟာ သူ့အနမ်းတွေလိုပဲ အရမ်းနူးညံ့လှသည်။ သူ့ပွေ့ဖက်ခြင်းသည်ပင် အမှန်တကယ် နူးညံ့ပါ​၏။ သူအကျင့်အတိုင်း ပေါ်ဟွိုက်ရင်ခွင်ထဲကို လှိမ့်ဝင်လိုက်ပြီး သူ့ကိုယ်သူ ပွတ်နေချင်မိသည်။

သို့သော် သူ မအောင်မြင်ခဲ့။

အထောက်အပံ့ ရှာဖို့ကြိုးစားမည်ဟူသော အလေးချိန်မဲ့ ခံစားချက်တို့နဲ့ ကျရှူံးခြင်းများဟာ ရုတ်တရက် သူ့ကို အိပ်မက်ကလန့်နိူးအောင်လုပ်လိုက်သည်။

ကျန်စုန့်ယိမှာ ကောင်းကင်က တောက်ပပြီး နွေဦးနေရောင်ခြည်က မြေပြင်မှာ ဖြာကျနေပေမယ့် အေးစက်၍ လူမရှိတာကိုတွေ့လိုက်ရသည်။

ပေါ်ဟွိုက်က ဒီမှာမရှိဘူး။

ကျန်စုန့်ယိ ခဏလောက်ကြောင်သွားသည်။ ထို့နောက်မှ သူခြေထောက်တွေကို ခွဲ၍ ထထိုင်လိုက်ပြီး လက်မောင်းတွေကိုဒူးပေါ်တင်လိုက်သည်။ သူဟာ မျက်နှာကိုလက်ဖဝါးထဲ မြှုပ်ထည့်၍ ပြင်းပြင်းပွတ်လိုက်သည်မှာ မျက်နှာပင် နီရဲလာတော့​၏။ ခဏကြာမှ သူ ထရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆေးကြောကာ ကျောင်းကို စထွက်လိုက်သည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now