2A1O Chapter 《10》

Start from the beginning
                                    

သူတို့ကို ရှင်းတောင်မပြနိုင်ဘူး။ ဒေါသထွက်လိုက်တာ...

ကျန်စုန့်ယိ သူ Forumကပိုစ့်ကိုရေးနေတုန်း ပေါ်ဟွိုက်ကဖမ်းမိသွားတဲ့အကြောင်းကို ပြန်တွေးမိသွားသည်။ ကြည့်ရတာ သူကပဲ ဒီအကြောင်းအပေါ် အရမ်းဂရုစိုက်မိသွားတယ် ထင်ရသည်။

သဘောထားသေးလိုက်တာ..ဇီဇာကြောင်တတ်လိုက်တာ..

ပြီးတော့ ကျင့်ဝတ်လေးတောင်မရှိဘူး...

သူပို၍ပင် စိတ်ဆိုးလာပြီး ရှက်မိကာ စိတ်ဓာတ်လဲကျလာသည်။

သူ,ကျန်စုန့်ယိသည်ကား နှစ်ပေါင်းများစွာတိုင် နေထိုင်လာခဲ့ပြီးမှ ဤသို့သော ပြဿနာကို ကြုံကြိုက်ရသည်တဲ့လား?

တကယ်တော့ ပေါ်ဟွိုက်ကသာ သူနဲ့ အစေးမကပ်ဖြစ်နေတာဖြစ်သည်။

သို့တိုင် ကံကောင်းစွာနဲ့ပဲ သူ့မှာလဲ လူအတော်အတန်များပြီး Voteတွေမဆုံးရှုံးစေတဲ့ Supportပေးတဲ့ Clubမျိူးရှိသေးပုံရ​၏။

သူ တစ်ညလုံးထိုအကြောင်းတွေးနေမိပြီး အိပ်မပျော်နိုင်ဖြစ်ခဲ့ရတာ မနက်ခင်း ကားပေါ်ထိုင်သည့်အချိန်ထိဖြစ်လေသည်။

သူ စာသင်ခန်းမရောက်ခင် တစ်လျှောက်လုံး အိပ်လိုက်ခဲ့တာဖြစ်သည်။

-----------------

လောင်ပိုင်က စင်ပေါ်တွင်ရပ်နေလျက် အခန်း​၏ ပြတင်းပေါက်ရှိရာ ထောင့်ချိူးကို သုံးမိနစ်မျှ ကြည့်နေမိသည်။

ဦးလေးနှစ်ယောက်ရှိတာ တစ်ယောက်ကတော့အိပ်နေပြီး တစ်ယောက်ကတော့ သိပ္ပံလေ့ကျင့်ခန်းလုပ်နေလေရဲ့!

မနေ့က ရုံးခန်းထဲမှာ ငါစိတ်ပူပေးခဲ့ရတဲ့ ပညာရေးအတွက်လဲ ဘာမှဂရုမထားကြသလိုပဲ...

ကံကောင်းလို့ ဒီနေ့ အလုပ်လာတုန်းက သူမိန်းမရဲ့ အာဟာရဖျော်ရည်ကို သောက်ခဲ့မိလို့ပဲ...

သူအနေနဲ့ ပါးနပ်စွာသူ့ကိုယ်သူသတိထားပြီး နူးညံ့သည်ဟန်နှင့် နူးညံ့သည့်အသံတို့ဖြင့်ပြောလိုက်သည်။

"ပေါ်ဟွိုက်! မင်းရဲ့ ထိုင်ခုံဖော်က ဒီလိုမျိူးအိပ်နေရတာ ကောင်းတဲ့နည်းလမ်းလို့တော့ မထင်ဘူးနော်"

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now