2A1O Chapter 《10》

Start from the beginning
                                    

လင်းယွမ်ယွမ်မှာ ပျော်ရွှင်စွာပင် QQနာမည် "B.S" ဟူသော ညီအစ်မလေးကို သူမ​၏ Friends Listထဲ ကောက်ထည့်လိုက်​၏။

[ငါ့သားလေးစုန့်က အကောင်းဆုံးပဲ! ငါတို့တွေ မနက်ဖြန်မှာ Voteအတွက် အတတ်နိူင်ဆုံး စည်းရုံးရမယ်​! ငါတို့ဘေဘီလေးက အဲ့ဒီအကြောသေနေတဲ့ရေခဲပန်းပုကောင်ကို ရှူံးသွားဖို့ခွင့်မပြုနိုင်ဘူး!]

ပေါ် "အကြောသေနေတဲ့ ရေခဲပန်းပုကောင်" ဟွိုက်: "..."

[OK]

ပေါ်ဟွိုက် ဖုန်းကို ချလိုက်ကာ မျက်ခုံးများကို ဖိလိုက်သည်။ သူက တစ်ခုခုကိုတွေးမိသွားပြီး ရုတ်တရက်ကြီး ပြုံးလာ​၏။

တကယ်တော့ သူလည်း အနှီကလေးလေးက ပိုကြည့်ကောင်းတယ်လို့ပဲ ထင်ပါတယ်။

သူငယ်ငယ်လေးကတည်းက အဲ့ဒီကလေးလေးထက်ပို ကြည့်ကောင်းတဲ့ ကလေးမျိုး မမြင်ဖူးပါပေ။

----------------------

နောက်တနေ့တွင် ကျန်စုန့်ယိကားထဲသို့ရောက်ရောက်ချင်းပင် သူ့မျက်လုံးတွေကို မှိတ်လိုက်၍ အိပ်ဖို့အတွက်သာ ခေါင်းနှစ်လိုက်သည်။

ပေါ်ဟွိုက်က သူ​၏ လှုပ်လီလှုပ်လဲ့ မျက်တောင်လေးများနှင့် နီမြန်းနေသော နားသန်သီးလေးများကိုမြင်နေရသော်လည်း သူကဘာမှ မဖော်ထုတ်လာပေ။

မည်သို့ဆိုစေ ကျန်စုန့်ယိမှာအလွန်အိပ်ချင်နေသည်။ သူသည် မနေ့ညက တစ်ညလုံးကောင်းကောင်းမအိပ်ခဲ့ရချေ။

မနက်ခင်းတွင်လည်း အိပ်ရာမှစောစောထခဲ့ရပြီး ထိုပျင်းရိဖွယ်လူများနှင့် ငြင်းခုန်ဖို့အတွက်လဲ ဂရုမစိုက်ဖြစ်တော့သလိုခံစားရသည်။

သို့တိုင် သူတွေးလေလေ အဲ့ဒီအတွက် ဒေါသထွက်လေလေဖြစ်ပြီး သူဒေါသထွက်နေရသည့်အတွက် မနက်ခင်း 2:30ထိတိုင် အိပ်လို့မရခဲ့ပေ။ ထို့ကြောင့် သူက ညလယ်ကြိးမှာပဲ ဖုန်းကိုထုတ်လိုက်ပြီး တိုက်ပွဲကို ဆက်လိုက်တာဖြစ်သည်။

သူက Groupထဲကလူတွေမှာ ဘယ်လိုတောင် မျက်စိမပါကြတာကိုပဲ နားလည်ချင်တာမဟုတ်ပါလား​​? ဘယ်လိုလုပ်သူတို့က ပေါ်ဟွိုက်ကသူ့ထက်ချောပါတယ်လို့ တွေးလိုက်ကြရတာ? သူ့ထက်ပိုပြီး Alphaပီသတယ်? သူထက်ပိုပြီး ဆွဲဆောင်မှုရှိတယ်?

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now