Chapter - 61

43.5K 3.5K 184
                                    

Unicode
~~~~~~~

" ယွင်ရှန့် "

ရှင်းရဲ့အော်ခေါ်သံကြောင့် အခန်းထဲကိုဝင်လာသည့် ယွင်ရှန့် ခြေလှမ်းတွေကိုရပ်လိုက်ပြီး ရှင်းထိုင်နေသည့် ထိုင်ခုံနားသို့ဦးတည်ကာ လျှောက်လာခဲ့သည် ။အနားကိုရောက်တော့ ရှင်းက ဆိုလာ၏ ။

" ဟေး …… မင်းတို့ကောင်စီဥက္ကဋ္ဌ အသစ်ခန့်လိုက်ပြီဆို …… ပြီးတော့ သူက ရှောင်လုဖန်လို့ကြားတယ် …… ဟုတ်လား "

" သတင်းကလဲ မြန်လိုက်တာ "

ယွင်ရှန့် ခပ်ရွဲရွဲသာ ပြန်ဖြေလိုက်သည် ။

ထိုအခါ ရှင်းက ပြတင်းပေါက်ကနေပြီး အောက်မှာ ဆူညံနေသည့် ကျောင်းသူများကို ညွှန်ပြကာ ပြောလာသည် ။

" မြန်ဆို ဟိုမှာကြည့်လေ …… ပထမနှစ်တွေ အသေပျော်နေကြတာ …… လုဖန်က အဲ့ဒိလောက် နာမည်ကြီးမယ်လို့ ထင်မထားဘူး …… ဒီအတန်းထဲက မိန်းကလေးတွေဆိုရင်လဲ သူရောက်လာကတည်က ခြေမငြိမ်ကြဘူး …… ဟေး …… ဟိုမှာ ပြောရင်းဆိုရင်းရောက်လာပြီ "

ရှင်းက စကားဆိုနေရင် တံခါးဝကနေ ဝင်လာသည့် လုဖန်ကို ညွှန်ပြလိုက်သည် ။  ယွင်ရှန့်လဲ အနောက်သို့ လှည့်ကာ ကြည့်လိုက်ချိန်တွင် ထိုမြင်ကွင်း သူ့စိတ်အား ကတိကအောက် ဖြစ်စေသည် ။

အတန်းထဲရှိ ကျောင်းသူများက လုဖန်ပတ်ပတ်လည်မှာ ဝန်းရံထားပြီး ရေဘူးကိုင်ပေးသူကကိုင်ပေး ယပ်ခပ်ပေးသူကပေနဲ့ နာမည်ကြီးမင်းသားပင်လျှင် သူလောက်ဇိမ်ကျမည်မထင် ။ လုဖန်က အခန်းထဲကိုဝင်လာတော့ ရှင်းဘေးမှာရပ်နေသည့် ယွင်ရှန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လစ်လျှူ ရှုကာ နောက်ဆုံးခုံက သူနေရာသို့ လျှောက်သွားလေသည် ။  ပြီးနောက် စာရေးခုံပေါ် ခြေထောက်တင်ပြီး နံရံကိုမှီကာ မှိန်းနေလိုက်သည် ။

တခြားသူဆို ဒီအနေအထားမျိုးကို ရိုင်းစိုင်းသည်ဟု ပြောကြလိမ့်မည် ။ ယခုလုဖန်ကိုကျ မပြောသည့်အပြင် အနေအထားက Sexy ကျတယ်ဆိုပြီး ဓာတ်ပုံများပင် ရိုက်နေကြသည် ။

* ကျစ် … စိတ်ရှုတ်လိုက်တာ … ဒီလူတွေ ဘယ်တော့ငါ့အနားကနေ ခွာမှာလဲ … သူတို့ရဲ့အနံ့တွေက ပြင်းလွန်းတယ် … ကြာရင်ငါသေနိုင်တယ် … ယွင်ရှန့် မင်းငါ့ကို အတော်လေးဒုက္ခပေးတာပဲ * လုဖန် စိတ်ထဲမှ တစ်ယောက်ထည်း ရေရွတ်နေလေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Tahanan ng mga kuwento. Tumuklas ngayon