Chapterc- 110

29.5K 2.5K 81
                                    

Unicode
~~~~~~~

C ကျောင်းတော်ရဲ့ ကျောင်းပွဲတော်ည နှုတ်ဆက်ပွဲသို့ပင် ရောက်ရှိခဲ့ခြေပြီ ။ မေဂျာအသီးသီးရဲ့ ဖျော်ဖြေမည့်အဖွဲ့များကတော့ ခန်းမရဲ့နောက်ဖေးမှာ ပြင်ဆင်နေကြသည် ။ ယွန်းဂျယ်တစ်ယောက် သူမချုပ်လုပ်ထားသည့် ဝတ်ဆုံများကို အဖွဲ့ဝင်များအား ဝတ်ဆင်ပြီးတဲ့နောက်မှာတော့ အဖွဲ့ထဲက မိန်းကလေးတစ်ဦးအား အပြင်သို့ခေါ်ဆောင်လာခဲ့သည် ။  လူရှင်းသည့်နေရာသို့အရောက်တွင် …

"  ငါခိုင်းထားတာတွေအားလုံး ပြင်ဆင်ပြီးပြီလား "

" ဟုတ်ကဲ့ … စီးပွားရေးမေဂျာက အတန်းခေါင်းဆောင် ယွင်ရှန့်ကို သူတို့ပြင်ပေးနေကြတယ် …… ဟိုတစ်ယောက်ကလဲ ခိုင်းတဲ့အတိုင်း ခန်းမထဲကနေထွက်သွားပြီ "

" ကောင်းပြီ …… သူ့ကိုဒါဝတ်ပေးလိုက် "

* နင့်ကို ဘယ်လိုနည်းနဲ့မှ လုဖန်နဲ့ တူတူ ရှိခွင့်မပေးဘူး *

ဒီမနက် ယွန်းဂျယ် ဖျော်ဖြေမည့်စာရင်းကိုကြည့်လိုက်တော့ လုဖန်နဲ့ ယွင်ရှန့်ဟာ စဉ်ပေါ်၌ တူတူတွဲဆိုခွင့်ရသည်ကို တွေ့ရှိသွားခဲ့သည် ။ ယွင်ရှန့်က Piano တီးပြီး လုဖန်က သီချင်းသီဆိုရန် စာရင်းပေးထားကြချင်းဖြစ်သည် ။ သူမ လုဖန်သီချင်းဆိုဝါသနာပါမှန်းမသိခဲ့သလို သူနဲ့တွဲဖက်က ယွင်ရှန့်ဖြစ်နေ၍ သူမစိတ်ထဲ မခံမရပ်နိုင်ဖြစ်နေ၏။

သူမ ဒီပွဲမှာ လုဖန်နဲ့ တူတူ ပွဲတက်ခွင့်ရမည်ထင်ပြီး စုံတွဲဝတ်ဆုံပင် စီစဉ်ထားသေးသည် ။ ဒါကြောင့် သူမအစီအစဉ်ကို အကောင်အထည်ဖော်ရန် ယွင်ရှန့်တို့ သီဆိုမှုစာရင်း ဖျက်စီးရန်ဆုံးဖြတ်လိုက်ချင်းဖြစ်သည် ။ တစ်ဖက်အခန်းမှာတော့ ယွင်ရှန့် အမျိုးသမီးများရဲ့  အတင်းအဓမ ပြင်ဆင်ပေးမှုကို ခံနေရသည် ။

" မင်းတို့ဘာလုပ်ကြတာလဲ …… ငါလဲသီချင်ဆိုရအုံးမှာလေ …… ဒါကတော့ မင်းတို့ကို မကူညီနိုင်ဘူး "

" အတန်းခေါင်းဆောင်ပဲကတိပေးပြီး …… လုပ်ပါနော် … သူကအရေးကြီးကိစ္စပေါ်လာလို့ပြန်သွားပြီ "

" ဒါပေမဲ့ ငါကယောက်ျားလေးလေ ……ဒါတွေဝတ်ဖို့က အဆင်မပြေဘူး "

DOLL  ( 🚨 20+ 🔞🚨 )( Completed )On viuen les histories. Descobreix ara