Chapter - 113

27.6K 2.5K 292
                                    


Unicode
~~~~~~~

ရင်ခုန်မိတိုင်း အချစ်မဟုတ်သလို
ချစ်မိတိုင်းလဲ ရင်မခုန်ဘူး ……

ဒါပေမဲ့ ချစ်တာနဲ့ ရင်ခုန်တာနဲ့ကတော့
ဆက်နွယ်မှုရှိနေတယ် ……

ရင်ခုန်ပြီးတဲ့နောက်မှ အချစ်ကလာတာ …. 💓

~ ~ ~ ~

ရွီမု ခရီးထွက်ရန် အထုပ်အပိုးတွေပြင်ပြီးသည့်နောက် သူနှင့်အတူလိုက်ပါမည့် နောက်လိုက်တွေကို အမိန့်ပေးလိုက်သည် ။

" မင်းတို့တွေ တိတ်တဆိတ်ပဲ စောင့်ကြည့်ကြ …ရုတ်ရုတ်သဲသဲမဖြစ်စေနဲ့ ……ငါတို့စောင့်ကြည့်နေတာ လုဖန်အပါအဝင် ဘယ်သူမှမရိတ်မိစေနဲ့ ……အဓိကက ယွင်ရှန့် အန္တရာယ်ကင်းဖို့ပဲ … နားလည်လား "

" ဟုတ်ကဲ့ Sr "

" မင်းတို့အရင်သွားလို့ရပြီ ……လမ်းခရီးမှာ ငါဂရုစိုက်လိုက်မယ် ……ခရီးသွားကား မရောက်မှီ မင်းတို့အဆင်သင့်ဖြစ်နေပါစေ "

အစောင့်တွေထွက်သွားတော့ ရွီမု လက်ဆွဲအဝတ်အိပ်ကို အိမ်ရှေ့ဆွဲလာကာ ချထားလိုက်သည် ။ လိုအပ်သော ပစ္စည်းတွေအားလုံးပြင်ဆင်ပြီးသွားတော့ ရွီမု ဖခင်ကိုနှုတ်ဆက်ရန် အိမ်ထဲကိုဝင်မည်အပြု ခြုံရှေ့က ကားဟွန်းတီးသံကြားလိုက်ရသည် ။

' တီ … တီ … တီ '

" သခင်လေး … ဖွင့်ပေးလိုက်ရမလား "

ရွီမုအနည်းငယ်အကဲခပ်ကြည့်ပြီးနောက် ဖွင့်​ေပးရန်အမိန့်ပေးလိုက်သည် ။ နက်ပြာရောင် ကားလေးဟာ အိမ်ထဲသို့အပြေးဝင်လာပြီး ရွီမုရှေ့တွင်ရပ်လိုက်သည် ။ကားတံခါး လျှင်မြန်စွာပွင့်လာကာ အထဲမှထွက်လာသူကတော့ ထယ်ယောင်း ……

" ခများ "

ရွီမုစကားပင်မဆုံးသေး ထယ်ယောင်က ရွီမုအား ရင်ခွင်ထဲ ဆွဲပွေ့လိုက်ရင်း …

" ချာတိတ် … ကိုယ်မင်းကို အရမ်းလွမ်းနေခဲ့တာ ……မင်းရော ကိုယ့်ကိုလွမ်းလား "

ရွီမုဘာစကားမှမဆိုနိုင်ပဲ ဆွံ့အသွားလေသည် ။ တစ်ဆက်ထည်း ရင်ခုန်သံတွေပါ မြန်ဆန်လာ၏ ။ ရွီမု ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Där berättelser lever. Upptäck nu