Chapter - 97

38.6K 3.1K 123
                                    

Unicode
~~~~~~~

" ကိုယ့်အနောက်မှာနေ …… ယွင်လေး "

အမူးလွန်နေသည့်လုဖန် ချက်ချင်း ထူမတ်လာကာ ယွင်ရှန့်အား သူ့ရဲ့ကျောပြင်နဲ့ ကာကွယ်လိုက်ပြီး အခန်းတံခါးအား တွန်းဖွင့်လိုက်သည် ။ အထဲမှာရှိနေသူကတော့ အမျိုးသမီးတစ်ဦးဖြစ်နေပြီး သူမက တံခါးအား ကျောပေးကာထိုင်နေ၏ ။

" ဘယ်သူလဲ "

လုဖန်နဲ့ယွင်ရှန့် သူမအနားသို့ ဖြေးဖြေးချင်းလျှောက်သွားကာ မေးလိုက်ခြင်းဖြစ်သည် ။ထိုအခါတွင် သူမက ခုံပေါ်ကနေထလိုက်ပြီး ယွင်ရှန့်နှင့်လုဖန်အားလှည့်ကြည့်လာ၏ ။  ပြီးနောက် သူမကိုမြင်ပြီး ကျောက်ရုပ်ပမာ ရပ်တန့်သွားသည့် လုဖန်နဲ့ယွင်ရှန့်အနားသို့ လျှောက်လာကာ လုဖန်အရှေ့တွင်ရပ်လိုက်ပြီး  လုဖန်ရဲ့နားအား ဆွဲလိမ်လိုက်သည် ။

" အ့ … အားး ……နာ … နာတယ် …… မား "

" နင်ငါ့ကို အမေမှန်းတော့ သတိရသေးတယ်နော် ……ဖုန်းလဲမဆက် အဆက်အသွယ်ဖျက်ပြီး ထွက်သွားတာ မိဘတွေဘယ်လောက်စိတ်ပူနေရလဲ သိရဲ့လား …… ရှောင်လုဖန် "

သူမကတော့ ရှောင်သခင်မကြီး လုဖန်ရဲ့မိခင် လီဟယ်နာဖြစ်သည် ။သခင်မကြီးက အရက်နံ့ရနေသည့်အတွက် လုဖန်နားအား ထပ်မံ၍ ဆွဲလိမ်လိုက်သည် ။

" စာမေးပွဲပြီးပြီဆိုတာနဲ့ လုပ်ချင်တာလုပ်ရောလား …… ခုလဲကြည့် အရက်သမားကျနေတာပဲ "

ထိုအခါတွင် ယွင်ရှန့်က ဝင်ပြောလာ၏ ။

" တကယ်တော့ သူငယ်ချင်းတွေအတင်းတိုက်လို့ သောက်လာတာပါ .……လုဖန်ကသောက်ချင်တယ်လို့မပြောခဲ့ဘူး ……သူ့ကိုမဆူပါနဲ့တော့ သခင်မကြီး "

သခင်မကြီးက လုဖန်နားအား လွှတ်ပေးလိုက်ပြီး ယွင်ရှန့်ထံလှည့်လာ၏ ။

" ယွင်ရှန့် …… ဒေါ်လေးတို့ အပြင်မှာ ၂ ယောက်တည်းစကားပြောချင်တယ် "

လေထုက အေးစက်စက်နိုင်နေသည်မို့ လုဖန်ယွင်ရှန့်အား သွားခွင့်မပြုပဲ အရှေ့ကနေ ကာထားလိုက်သည် ။

" ပြောချင်ရင် သားရှေ့မှာပဲပြော "

" ဒါက မေမေတို့ကိစ္စ ……သားမူးနေပြီ ခုံပေါ်မှာသွားထိုင်နေ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now