Chapter - 85

37.4K 3.5K 161
                                    

Unicode
~~~~~~~

ယွင်ရှန့် အိပ်ယာမှနိုးထလာစဉ် ရင်ခွင်ကျယ်တစ်ခုအတွင်း ရောက်ရှိနေပြီး နွေးထွေးမှုအပြည့် ခံစားမိနေ၏ ။ သူ့ရဲ့ကိုယ်လေးကို လုဖန်ရဲ့ လက်တစ်စုံက မလွှတ်တမ်း ဖက်သွယ်ထားလေသည် ။ မြတ်နိုးစွာ သွယ်ဖက်ထားသော လက်တစ်စုံကို ယွင်ရှန့်ဖယ်ချဖို့ အားအင်မရှိသည့်အပြင် ပို၍တင်းကြပ်စွာ ဖက်ထားချင်မိသည် ။ စိတ်ဆန္ဒအတိုင်းလဲ ယွင်ရှန့် လုဖန်ခါးလေးအား တင်းတင်းကြပ်ကြပ် ဖက်ထားမိနေသည် ။

တစ်ခဏအကြာမှာတော့ ယွင်ရှန့်သူ့ရဲ့လက်တွေကို လွှတ်လိုက်ပြီး လုဖန်ရင်ခွင်ထဲကနေ ရုန်းထကာ အဝတ်အစားတွေကို ပြန်ဝတ်လိုက်သည် ။ အားလုံးပြီးသွားတော့ ကုတင်ဘောင်ပေါ်မှာ ထိုင်လိုက်ပြီး ဝိုးတဝါးပေါ်လာသည့် မှတ်ဥာဏ်တချို့ကိုတူးဖော်နေ၏ ။

သူဒီအိမ်တော်မှာ ကုန်ဆုံးခဲ့ရသည့် ငရဲခန်းတချို့နှင့် လုဖန်ရဲ့အတ္တကြီးမှုတို့ကို ပြန်သတိရလာပေမဲ့ သူ့စိတ်ထဲမှာ မုန်းတီးသွားခြင်းမရှိ ။ အထီးကျန်ဆန်လွန်းလှသည့် ထိုသခင်လေးဘဝကို သနားမိနေ၏ ။သို့ပေမဲ့လဲ ရှောင်အိမ်တော်မှာ လုဖန်အဖွားဖြစ်သူ ပြောခဲ့သည့်စကားတွေနဲ့ ဆက်ဆံပုံတွေက ယွင်ရှန့်ရဲ့ တင်းမာသည့် မာနကိုထိခိုက်စေပြီး ထိုအရာကိုတော့ သူခွင့်မလွှတ်နိုင်ပေ ။

ယွင်ရှန့်ရဲ့မှတ်ဥာဏ်တွေက အပြည့်ရရှိလာခြင်းမဟုတ်သော်လဲ ရှောင်အိမ်တော်ကိုရောက်ပြီး သူပြန်လာခဲ့သည့် နောက်ပိုင်းကိစ္စတွေကို မမှတ်မိသလို သိလဲမသိချင်၍ စဉ်းစားမနေတော့ပေ ။ ခုချိန်မှာ သူစဉ်းစားမိသည်က လုဖန်နိုးထမလာခင် ဒီအိမ်တော်ကနေ အမြန်ထွက်သွားနိုင်ရန်ဖြစ်သည် ။ ဒါက လုဖန်နဲ့သူ့ရဲ့ကြားမှာ ဆက်နွယ်နေသည့် ကြိုးလေး ပျက်တောက်သွားပြီး အတိတ်မှာရော လက်ရှိမှာပါ သူတို့ရဲ့တွေ့ဆုံမှု နောက်ဆုံးအကြိမ်အဖြစ်မှတ်ယူလိုက်လေသည် ။

ယွင်ရှန့်က လစ်ဟနေသည့် လုဖန်ကိုယ်ပေါ်သို့ စောင်ဖြင့် လွှမ်းခြုံပေးလိုက်ပြီး လုဖန်နားနားသို့ကပ်ခါ တိုးတိုးလေး ရေရွတ်လိုက်သည် ။

" ရှောင်လုဖန် …… မင်းက ငါ့ဘဝအတွက် နတ်ဆိုးတစ်ပါးဖြစ်ခဲ့ပေမဲ့ ငါမင်းကိုမမုန်းရက်ဘူး ……ဒါပေမဲ့ ငါမင်းကိုမချစ်နိုင်တော့ဘူး ……ငါတို့ရဲ့သံယောဇဉ်တွေက ကျိန်စာတစ်ခုလိုပဲ ……ငါတို့ကိုအမြဲတမ်းအဝေးကိုတွန်းပို့နေကြတယ် …… ဒီတစ်ကြိမ်တော့ ထပ်ပြီးအမှားမဖြစ်ချင်တော့ဘူး ……ငါတို့ရဲ့ပတ်သပ်မှုကို ဒီမှာပဲ ရပ်ကြရအောင် …… မင်ဘဝရဲ့လက်တွဲဖော်ကို မင်းရှာဖွေနိုင်ပါစေ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now