Chapter - 109

34.8K 2.7K 115
                                    

Unicode
~~~~~~~

" Sr အပြင်မှာ ဧည့်သည်တစ်ယောက် Sr ကိုစောင့်နေတယ် "

" ဘယ်သူလဲ "

" ကျူးရွီမုလို့ပြောတယ် "

ခွဲစိတ်ခန်းဝင်ရန်ပြင်နေရင်း ထယ်ယောင်းတစ်ယောက် ရွီမုနာမည်ကို ကြားယုံဖြင့် ကိုယ်ပေါ်ကအပြာရောင် ဝတ်ရုံကိုဖယ်ရှားပြီး အဖြူရောင်ကုတ်ကို ကောက်ဝတ်လိုက်သည် ။

" Sr ဘယ်သွားမို့လဲ ......ခွဲစိတ်ခန်းက ခုပဲဝင်ရတော့မယ် ......သူ့ကိုဆရာ့အခန်းထဲမှာ စောင့်ခိုင်းလိုက်ရမလား "

" မင်းကြည့်ကြပ်ပြီးလုပ်လိုက် ......ငါအရေးကြီးကိစ္စပေါ်လာလို့ သွားရမယ် ......စိတ်ချမယ်နော် "

" ဟုတ်ကဲ့ Sr "

လက်ထောက်ဖြစ်သူကိုတာဝန်တွေလွှဲပေးပြီးနောက် ထယ်ယောင်း အမြန်ထွက်လာခဲ့သည် ။ ထယ်ယောင်း ရွီမုကို နောက်ဆုံးအကြိမ်တွေ့ပြီးကတည်းက မစုံဖြစ်ကြတော့ဘူး ။ ဆက်သွယ်ရန်လဲ ဖုန်းနံပါတ်မရှိတော့ တွေ့တုန်းအမိဖမ်းရန် စိတ်လောနေ၏ ။ ရွီမုက ရေးကြီးသုတ်ပျာ ထွက်လာသည့် ထယ်ယောင်းကိုကြည့်ရင်း ....

" ဒေါက်တာ ... ခများက လူနာကိုပြစ်ပြီး ဘာကြောင့် ချက်ချင်း​ကြီး ထွက်လာရတာလဲ "

" ငါ့ဆေးရုံမှာရှိတဲ့ ဆရာဝင်တွေအားလုံးက အကုန်တော်တဲ့သူတွေကြီးပဲ......ငါမရှိလဲ အဆင်ပြေတယ် ......ဒါနဲ့ မင်းဘာကိစ္စနဲ့လာတာလဲ ......ဟိုတစ်ခေါက်က ရှုံးထားတာကို မကြေနပ်လို့ ပြန်လာပြိုင်တာလား "

ရွီမုက မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း ...

" ခများရူးနေလား ...... စိတ်ကူးယဉ်မနေနဲ့ "

ထယ်ယောင်းကတော့ သူစနောက်လိုက်တာကို တကယ် စိတ်ဆိုးသွားတဲ့ ရွီမုကိုကြည့်ပြီး သဘောကြနေလေရဲ့ ...

" အဟား ... ဟုတ်ပါပြီ ......ဒီမှာရပ်ပြောတာက အဆင်မပြေဘူး ......ကိုယ့်အခန်းဆီသွားမလား "

" ဘာလို့ခများအခန်းကိုလိုက်ရမှာလဲ ......ကော်ဖီဆိုင်ကိုသွားမယ် "

ရွီမုဦးဆောင်ကာ ခေါ်လာသည့်အနောက်သို့ ထယ်ယောင်းလိုက်လာခဲ့သည် ။ သူ့စိတ်ထဲမှာ တွေးနေမိသည် ။ အဲ့ဒိနေ့က ထိုဂန်းစတားလူဆိုးလေး ထွက်သွားပြီးနောက်ပိုင်း သူ့ဘဝက အရင်လို အသက်မဲ့သွားသလိုခံစားရပြီး တစ်စုံတစ်ယောက်ကို အမြဲလိုလိုတမ်းသမိနေသည် ။ ဟေးယောင်မှာလဲ သူ့ဘဝနဲ့သူမို့ ထပ်ပြီးမနှောက်ယှက်ရပ်တော့ဘူး ။ နောက်ထပ် သူ့ဘဝထဲကို ဝင်လာတဲ့ ထိုကောင်လေးကိုလဲ ထပ်ပြီးထွက်သွားခွင့်မပြုနိုင်တော့ဘူး ။ ထယ်ယောင်းဆုံးဖြတ်ချက်ချလိုက်သည် ။ ရွီမုကို သူအပိုင်ဖြစ်အောင် လုပ်ဆောင်တော့မည်ဟု ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now