Chapter - 11

85.9K 3.6K 78
                                    

Unicode
~~~~~~~

" မင်းကိုယ်ကို သန့်ရှင်းပြီး အောက်ထပ်ကို ဆင်းလာခဲ့ "

ပြောပြီးနောက် လုဖန် ထို Play Room အခန်းထဲကနေ ထွက်သွားလေသည် ။ ယွင်ရှန့် နာကျင်မှုတို့ကြောင့် ခုတင်ပေါ်ကနေမထနိုင် ဖြစ်နေ၏ ။

ဒါပေမဲ့ လုဖန်ပေးခဲ့သည့် အမိန့်ကြောင့် ကြိုးစားကာ ထလိုက်ပြီး ကိုယ်ကို သန့်စင်အောင်ပြုလုပ်ကာ အပေါ်ဝတ်ကို ကောက်ယူပြီးဝတ်လိုက်သည် ။ ပြီးနောက် အမိန့်အတိုင်း အောက်ထပ်ကို လိုက်၍ ဆင်းလာခဲ့သည် ။

အိမ်အောက်ထပ်မှာတော့ ထိုင်ခုံပေါ်မှာ အေးအေးလူလူ ခြေချိတ်ထိုင်နေတဲ့ လုဖန်ကလွဲပြီး ဘယ်သူမှရှိမနေဘူး ။ ယွင်ရှန့်လဲ လုဖန်နဲ့ မျက်နှာခြင်းဆိုင် ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်သည် ။ ထိုအခါတွင် လုဖန်က သူ့လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ကဒ်တစ်ခုကို ယွင်ရှန့်ထံပြစ်ပေးလိုက်ပြီး သူကဆို၏ ။

" ဒါက ဘဏ်ကဒ် ……  ဒီနေ့အတွက် မင်းရမဲ့ငွေကို လွှဲပေးထားတယ် "

ယွင်ရှန့်ကဒ်ကို ယူလိုက်ပြီး ကဒ်အပေါ်က နံပါတ်တချို့ကို ရေတွက်ကြည့်မိသည် ။

" 15 သိန်း …… ဒါ …… ဒါက …… ဒီနေ့ရတဲ့ ဝင်ငွေ  "

စာချုပ်ထဲမှာက တစ်နေ့မှ ၁၀ သိန်းပြောထားပေမဲ့ ခုတစ်ရက်ပဲရှိသေးသည်ကို ၁၅ သိန်းပေးလာတော့ ယွင်ရှန့်အံ့သြနေမိသည် ။ ဒါကကောင်းသည်ဖြစ်နေ မကောင်းသည်ဖြစ်စေ သူ့အတွက်ကတော့ ငွေများများရလေ ငရဲခံရမည့်ရက်နည်းလာလေလေဖြစ်၍ ယွင်ရှန့် စိတ်ထဲမှကြိတ်၍ ပျော်နေမိသည် ။ လုဖန်က လက်ပိုက်ပြီးထိုင်နေကာ ယွင်ရှန့်ရဲ့ အံ့သြသွားတဲ့ အမူအရာကို ကြည့်နေရင်းမှဆိုလိုက်သည်။

" ဒါက မင်းအတွက်နည်းနေသေးလို့လား "

" အဲ့လို မဟုတ်ပါဘူး "

" ကောင်းပြီလေ …… နောက်ထပ်ပေးစရာတစ်ခုရှိသေးတယ် "

လုဖန်က သူ့ရဲ့ဘေးနားက ပုံးလေးတစ်ခုကိုယူပြီး ယွင်ရှန့်ထံ ပေးလိုက်၏ ။ ယွင်ရှန့် ထိုပုံးလေးကိုယူပြီးကြည့်လိုက်ရာ အထဲတွင် နာမည်ကြီးတံဆိတ်နဲ့ ဖုန်းတစ်လုံးကို တွေ့ရှိလိုက်ရသည် ။ ဒါမျိုးတံဆိတ်ကို သူ့ဘဝမှာ ကိုင်ဖို့မပြောနဲ့ အပြင်မှာတောင် သေချာမမြင်ဖူးခဲ့ဘူး။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now