Chapter - 55

48K 3.4K 420
                                    

Unicode
~~~~~~~

ယခု ရှောင်အိမ်တော်ကြီးတွင် ယခင်ကလို တိတ်ဆိတ်နေခြင်းမျိုးမရှိတော့ပဲ အမြဲလူစည်ကားနေပြီး အစောင့်အကြပ်များလဲ များလွန်းလှသည် ။ သခင်ကြီးနှင့် သခင်မကြီး ပြန်ရောက်လာပြီးနောက်ပိုင်း လုဖန်ဟာလဲ အိမ်တော်တွင်မကပ်နိုင်လောက်အောင် သခင်ကြီးခေါ်ဆောင်ရာသို့လိုက်ကာ အလုပ်သဘောတရားများအား လေ့လာသင်ယူရသည် ။

အထက်လူကြီးများနှင့် တွေ့ဆုံသည့်အချိန်များတွင် လုဖန်အား အတွေ့အကြုံရစေရန်နှင့် အလုပ်အတွက်မိတ်များရန် တခြားသော သခင်လေးများနည်းတူ လိုက်ရသည် ။ သခင်မကြီးဟာလဲ အိမ်တော်တွင်နေပြီး အိမ်မှုကိစ္စနှင့် အလှအပရေးရာ၌ အချိန်ကုန်ဆုံးစေသည် ။ ယွန်းဂျယ်ဟာ သခင်မကြီးအနားတွင်နေ၍ ယုံကြည်မှုကိုအရယူသည် ။

ယွင်ရှန့်ကတော့ Play Room နှင့် ခေါင်မိုးထပ်ကိုပဲ သွားခွင့်ရှိပြီး သူ့ဘဝကထပ်မံ၍ အထီးကျန်ဆန်လာပြန်၏ ။ ဒီလိုနေ့ရက်တွေကုန်ဆုံးပြီး ကျောင်းမြန်မြန်ဖွင့်စေချင်ပေမဲ့ ယခုအခြေအနေက အိမ်တော်ကနေပင်ထွက်ခွာရန်ခက်ခဲနေ၏ ။

မိုခွန်းဟာ အလုပ်ကပြန်လာတိုင်း ယွင်ရှန့်အား အနီးကပ်စောင့်ရှောက်ပြီး မပျင်းစေရန် အဖော်ပြုပေးသည် ။ ဒါကြောင့်လဲ ယွင်ရှန့် မိုခွန်းပြန်အလာကို စောင့်မျှော်နေမိသည် ။ သို့ပေမဲ့ တကယ်တမ်းရောက်ရှိလာတာကတော့ ……

" သခင်လေးလု …… အထဲကိုဝင်ခွင့်မရှိပါဘူး …… သခင်လေးခွန်းက ကျနော်တို့ကို စောင့်ကြည့်ဖို့မှာထားပါတယ် …… အထဲကို ဘယ်သူမှပေးမဝင်နဲ့လို့ ပြောထားပါတယ် "

" ဟက် …… မင်းတို့ကငါ့ကိုတားရဲတယ် …… မင်းတို့ ခေါင်းနဲ့ခန္ဓာအိုးစားမကွဲခင် အရှေ့ကနေဖယ် …… မဟုတ်ရင်မင်းတို့ကို တစ်သက်လုံးအိပ်ပျော်သွားအောင်လုပ်ပစ်မယ် "

" တောင်ပန်ပါတယ်သခင်လေး …… ကျနော်တို့တာဝန်အရအသက်နဲ့လဲပြီး ကာကွယ်ရပါလိမ့် "

" ကျစ် …… ဒီကောင်တွေကတော့ ရှောင်အိမ်တော်ရဲ့ ကိုယ်ရံတော်လို့မပြောရဘူး "

လုဖန်က စိတ်မရှည်ဟန်ဖြင့် ခေါင်းတစ်ချက်ကုတ်လိုက်ရင်း …

DOLL  ( 🚨 20+ 🔞🚨 )( Completed )Место, где живут истории. Откройте их для себя