Chapter - 52

50.1K 3.4K 519
                                    

Unicode
~~~~~~~

စွဲလမ်းခြင်းဆိုတာ သူစွဲလမ်းမိတဲ့အရာတစ်ခုကို လက်မလွှတ်နိုင်တော့ပဲ အနားမှာ ထာဝရရှိစေရန် အတ္တသဘောဆောင်သည် ။

ဥပမာ ပန်းလေးတစ်ပွင့်ကို စွဲလမ်းမိပြီဆိုရင် အဲ့ဒိပန်းလေးကို အညွှန့်ကနေချိုးပြီး သူ့ရဲ့အနားမှာ သိမ်းထားလိမ့်မယ် ။  အဲ့ဒိပန်းလေးဟာ ညှိုးနွမ်းပြီး ခြောက်သွေ့သွားမှာကို မတွေးတော့ဘူး ။ အပင်ပေါ်မှာ ရှင်သန်နေတာထက် ခြောက်သွေ့နေသည့်ပန်လေး အနားမှာထာဝရရှိနေသည်ကိုတွေပြီးကြေနပ်နေခြင်းက အတ္တများနှင့် စွဲလမ်းခြင်း ဟုခေါ်သည် ။ ထိုသို့စွဲလမ်းမှုက ပျော်ရွှင်မှုကို ကြာရှည်မစွမ်းဆောင်နိုင်ပေ ။

" ညီလေး "

လှေကားထပ်မှတက်လာသည့် မိုခွန်းက အခန်းထဲမှထွက်လာသည့် လုဖန်ကိုမြင်သွားပြီး ခေါ်လိုက်ခြင်းဖြစ်သည် ။ ပြီးနောက် စကားပြောလို့ကောင်းမည့် နေရာတစ်ခုသို့ အတူတူထွက်လာခဲ့ကြသည် ။

" ညီလေး …… ဖွားဖွာပြောပြလို့ ကိုကြီးအားလုံးသိပြီးပြီ …… ခုဘာဆက်လုပ်မှာလဲ "

လုဖန်က အေးဆေးစွာပင် ထိုင်နေရင်း ကောင်းကင်အား မော့ကြည့်ကာ ပြန်ဖြေလာ၏ ။

" ကျနော် လက်မခံဘူးလို့ပြောပြီးပြီ ..…… ဒါကိုဆက်ပြီး လုပ်ဆောင်နေလဲအပိုပဲ …… ပြီးတော့ ယွန်းကအရင်ကနဲ့မတူပဲ ကျနော့ကို ပိုသွယ်ကပ်နေသလိုပဲ …… ကျနော်သူမကို အယုံအကြည်မရှိတော့ဘူး "

ထိုစဉ် ပတ်ဝန်းကျင်က ခနမျှ တိတ်ဆိတ်သွားလေသည် ။ လုဖန်က လေးနက်စွာတွေးတောနေရင်းမှ မိုခွန်းအား မေးခွန်းတစ်ခုမေးလိုက်သည် …

" ကိုကြီးကို မေးစရာရှိတယ် …… ဖြူလုံးကိုသိလား "

ထိုခန၌ မိုခွန်း ထိတ်လန့်သွားပြီး ဘာမှပြန်မဖြေနိုင်ပဲ စွံ့အသွားသည် ။  ပြီးနောက် လုဖန်ကဆက်၍ ပြောလာ၏ ။

" ကျနော်စွဲလမ်းနေတဲ့ ဖြူ လုံးလေးက ယွန်းဂျယ်တဲ့ …… ကျနော်အတိတ်ကိုမမှတ်မိပေမဲ့ ဖြူ လုံးက ကျနော့အတွက်အရေးပါတဲ့လူလို့ထင်တယ် …… သူနဲ့အမှတ်တရပစ္စည်းတွေကို မစွန့်ပြစ်နိုင်တဲ့အထိပေါ့ …… ပြီးတော့ ယွန်းက ဖြူ လုံးလေးလား ဆိုတာ ကျနော်အခွဲခြားတတ်ဘူး …… ကိုကြီးကျနော့ကို အမှန်တိုင်းပြောပြပေး …… ယွန်းက တကယ်ပဲ ဖြူ လုံးလေးလား "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now