Chapter - 60

48.5K 3.4K 244
                                    

Unicode
~~~~~~~

တောက်ပနေသည့် နေဝန်းကြီးသည် အနောက်ဖက် မိုးကုတ်စက်ဝန်းကို ကျော်ကာဝင်သွားချေပြီ ။  လမ်းမီးရောင် ဖျော့ဖျော့လေးအောက်မှာ ယွင်ရှန့်တစ်ယောက် ကျောင်းတော်ကြီးကနေ အဆောင်ရှိရာသို့ ခြေလှမ်းကြဲများဖြင့် လျှောက်လှမ်းနေ၏ ။သူ့ရဲ့ခြေသံနှင့်ထပ်တူ အနောက်မှခြေသံက ကျောင်းဝန်းထဲကနေ ထွက်လာတဲ့အချိန်ကနေစပြီး အဆောင်ရှေ့အထိ ကြားနေရသည် ။ လှည့်ကြည့်ပြန်တော့ ဘယ်သူမှရှိမနေဘူး ။

* ထပ်ပြီးတော့ ဘယ်သူငါ့အနောက်ကနေလိုက်နေပြန်တာလဲ … သရဲတော့မဖြစ်နိုင်ဘူး … ဒီတစ်ခါတော့ မင်းတို့ကို အမိဖမ်းမယ် *

ယွင်ရှန့်ရဲ့ခြေလှမ်းတွေက အဆောင်ပေါ်ကိုမတပ်ပဲ လမ်းကြားလေးထဲသို့ ချိုးဝင်သွားလေသည် ။ ခြေသံကလဲ ထပ်တူအနောက်ကနေလိုက်လာ၏ ။ ပုန်းကွယ်၍ မရသည့်နေရာရောက်တော့မှ ယွင်ရှန့်ခြေလှမ်းကိုရပ်လိုက်ပြီး အနောက်သို့ လှည့်ကာ ကြည့်လိုက်ချိန်တွင် လက်၂ ဖက်က ယွင်ရှန့်ပုခုံးကို ဆွဲယူလိုက်ပြီး ရင်ခွင်ထဲ ဆွဲးဖက်ခြင်း ခံလိုက်ရလေသည် ။ ထိုသူကဘယ်သူဆိုတာ ယွင်ရှန့်မော့ကြည့်နေစရာပင်မလိုချေ ။ ရှောင်လုဖန်ဖြစ်သည် ။

" ကိုခြောက်လိုက်တာ အရမ်းလန့်သွားလား "

" မင်း "

ယွင်ရှန့်က လုဖန်ရင်ဘက်အား တွန်းထုပ်ပြီး အနောက်သို့ ၃ လှမ်းမျှ ဆုတ်ခွာလိုက်သည် ။  ယွင်ရှန့်က စနောက် လိုက်ရ၍ ပျော်ရွှင်နေသည့် လုဖန်အား စိုက်ကြည့်ကာ မေးလိုက်သည် ။

" မင်းသရဲလို အနောက်က တကောက်ကောက်လိုက်နေတာ ဘာသဘောလဲ "

ယွင်ရှန့်မေးလာတော့ လုဖန် ညစ်ကျယ်ကျယ်ပြုံးလျှက် …

" မင်းက မကြောက်တတ်ဘူးပဲ …… ကို့ကိုလဲ လမ်းကြားထဲကိုတောင် ခေါ်လာနိုင်တယ် …… ဒါမှမဟုတ် ဒီနေရာမှာ မင်းကို တစ်ခုခုလုပ်စေချင်တာလား "

လုဖန်ရဲ့ ခြေလှမ်းတွေက ယွင်ရှန့်အနားကိုကပ်လာပြီး သားကောင်ကို ခုန်အုပ်တော့မည့် သားရဲ့ပမာ စူးရဲစွာဖြင့် ကြည့်နေ၏ ။ ထိုအခါမှ ယွင်ရှန့်က သူထောင်ပြီးဖမ်းမည့် ထောင်ချောက်မှာ သူကိုယ်တိုင်မိတော့မည်ကို သိနေ၍ လုဖန်အား တွန်းဖယ်ကာ လမ်းကြားထဲကနေ ပြေးထွက်လာခဲ့ရသည် ။ 

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now