Chapter - 75

41.4K 3.4K 539
                                    

Unicode
~~~~~~~

" လု .… လုဖန် ……မင်းဒီကိုဘယ်လိုရောက်နေတာလဲ "

လုဖန်ရဲ့အကြည့်တွေက ယွင်ရှန့်ထံတည်မြဲနေပြီး လျှောက်လှမ်းလာတဲ့သူ့ရဲ့ခြေလှမ်းတွေက ပို၍ မြန်ဆန်လာလေသည် ။  ရွီမုက ယွင်ရှန့်ဒုက္ခရောက်တော့မည်ကို ခံစားမိနေ၍ အရှေ့မှကာလိုက်ပြီး လုဖန်နဲ့ တိုက်ရိုက်ဖြေရှင်းရန်ဆုံးဖြတ်လိုက်သည် ။ သူသိထားသလောက် ရှောင်လုဖန်ဆိုတဲ့သခင်လေးက ဘယ်အရာအပေါ်ကိုမှ စွဲစွဲမြဲမြဲခင်သွယ်မှုမျိုးမရှိခဲ့ဘူး ။  ခုပုံစံက သူပိုင်တဲ့အရာတစ်ခုလို ယွင်ရှန့်အပေါ် နိုင်ထက်စီးနင်းလုပ်နေခြင်းကြောင့် လုဖန်နဲ့ ယွင်ရှန့်ရဲ့ပတ်သပ်မှုက Doll ထပ်ပိုလား သူသိချင်မိသည် ။

ရွီမုက လုဖန်သူ့အနားကို ရောက်လာတော့ ယွင်ရှန့်အရှေ့မှ မားမားမတ်မတ်ရပ်နေပြီး သူ့အားစူးရဲစွာစိုက်ကြည့်နေသည့်လုဖန်အားပြန်ကြည့်ကာ အနည်းငယ်ပြုံးရင်းဆိုလာ၏ ။

" တိုက်ဆိုင်တယ်နော် ……ငါနဲ့ယွင်ရှန့် ခုလေးတင် ရုပ်ရှင်ကြည့်ပြီး ထွက်လာတာ ……မင်းရောရုပ်ရှင်လာကြည့်တာလား ……ယွန်းဂျယ်မပါလာဘူးလား "

" မင်း ……ဖယ် "

လုဖန်ရဲ့အေးဆက်ဆက်အသံက အမိန်ပေးနေသယော ခက်ထန်လှသည် … ထိုအခါ ရွီမု ဒေါသထွက်သွားလေတော့သည် …

" ရှောင်လုဖန် ……မင်းကဘာလဲ …… ငါယွင်ရှန့်နဲ့ခင်တာနဲ့ပဲ မင်းစိတ်ကြိုက်နှောက်ယှက်ရအောင် သူကမင်းအပိုင်လား "

လုဖန်က လက်သီးကို ကျစ်ကျစ်ဆုပ်ထားရင် အံ့ကိုကြိတ်ကာ ပြန်ဖြေလာ၏ ။

" ဟုတ်တယ် ……သူကငါ့အပိုင် "

ရွီမုက ဟက်ကနဲရယ်လိုက်သည် ။

သူက ယွင်ရှန့်ဘက်ကိုအကဲခပ်ကြည့်လိုက်တော့ ယွင်ရှန့်က လုဖန်အား ကြောက်နေမှန်း သူ့မျက်လုံးတွေက သိသာနေသည် ။

* ဒီကောင် ယွင်ရှန့်ကို ဘယ်လောက်တောင်နှိပ်ဆက်ထားတာလဲ … သူဘာကြောင့်လုဖန်ကို မငြင်းဆန်နိုင်တာလဲ … ဒီကောင်ကတော့ ငွေကိုသုံးပြီး ကြိုးကိုင်ထားပြန်ပြီထင်တယ် *

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now