Chapter - 81

36.5K 3.3K 209
                                    

Unicode
~~~~~~~

နံနက်ခင်းနေရောင်ခြည်တွေက ခုတင်ပေါ်မှာ အိပ်မောကျနေသူအား နိုးထလာစေသည် ။  ယွင်ရှန့်နိုးထလာတော့ ခါတိုင်းနှင့်မတူ အသက်ရှူ ကျပ်သလိုလို ခံစားနေရခြင်းကြောင့် အခြေအနေကို အကဲခပ်ကြည့်လိုက်တော့ သူ့ရဲ့ကိုယ်တစ်ခုလုံးကို ရေဘဝဲတစ်ကောင် ရစ်ပတ်ထားသည့်နယ် တင်းကျပ်အောင် ဖက်ထားခြင်း ခံထားရသည်ကို တွေ့ရှိလိုက်ရသည် ။

ထိုရေဘဝဲလူသားကတော့ ရှောင်လုဖန်ဖြစ်သည် ။ယွင်ရှန့် လုဖန်ကို ငေးကြည့်နေရင်းမှ မနေ့ကအဖြစ်အပျက်တချို့ကို ပြန်စဉ်းစားနေမိသည် ။

မနေ့က ……

ဘတ်စကက်ဘောပွဲအပြီး၌ လူအုပ်ကြီးရှင်းသွားတော့မှ လုဖန်ပြန်ထွက်လာနိုင်ခဲ့သည် ။  ယွင်ရှန့်လဲ ဆရာခိုင်းထားသည့် အိမ်စာအချို့ကြောင့် ကျောင်းမှထွက်လာချိန်နောက်ကျနေခဲ့သည် ။ ကျောင်းပေါက်ဝသို့ရောက်တော့ ……

" ကားပေါ်တက် "

လုဖန်က သူ့ရဲ့ကားတံခါးကို ဖွင့်ပြီး ယွင်ရှန့်အရှေ့ကနေ ပိတ်ရပ်ထားလေသည် ။

ကျောင်းဆင်းချိန်ဖြစ်၍ လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေသူများရှိနေသည့်အတွက်ကြောင့် အားလုံးရဲ့မျက်ဝန်းတွေက လူချောလေး ၂ ယောက်ထံဦးတည်၍လာနေသည် ။ ယွင်ရှန့်က သူကားပေါ်မတက်မခြင်း လုဖန်လိုက်နှောက်ယှက်နေမည်ကို သိနေ၍ အားလုံးရဲ့မျက်ဝန်းတွေကို အန်တုရင်း လုဖန်အနောက်သို့ လိုက်လာခဲ့သည် ။ အချိန်တော်ကြာ ကားပေါ်၌ တိတ်ဆိတ်နေပြီးနောက် စတင်စကားဆိုလာသူကတော့ ယွင်ရှန့်ပင် ။

" မင်း … ဘယ်ကိုမောင်းနေတာလဲ "

ဒီနေ့ရဲ့အဖြစ်အပျက်တွေကြောင့် ယွင်ရှန့် လုဖန်ကို မျက်လုံးခြင်း မစုံရဲပေ ။ စိတ်ထဲကနေ လိပ်ပြာမလုံဖြစ်နေ၏ ။ ယခုမေးမြန်းနေခြင်းကလဲ လုဖန်ကို မျက်နှာချင်းမဆိုင်ပဲ ဘေးဘက်သို့လှည့်ထားခြင်းဖြစ်သည် ။

လုဖန်ထံက စကားသံထွက်မလာတော့မှ ယွင်ရှန့်ဘေးဘက်သို့လှည့်ကြည့်မိချိန်တွင် နှုတ်ခမ်းဒေါင့်လေးများ ကွေးညွှန့်လျှက် ကျေနပ်အားရစွာဖြင့် ပြုံးနေသည့် လုဖန်ကိုမြင်တွေ့လိုက်ရခြင်းကြောင့် သူ့ရဲ့အသိစိတ်အာရုံတွေအားလုံးရပ်တန့်သွားသည့်နယ် ပန်းရောင်စုံပန်းခင်ကြီးထဲ ရောက်သွားသကဲ့သို့ ထိုအချိန်ခနလေးက ယွင်ရှန့်အား သာယာသွားစေသည် ။ ပြီးနောက် နှလုံးခုန်သံတွေမြန်ဆန်လာပြီး ယွင်ရှန့်မျက်နှာလေး ပန်းရောင်အဖြစ်သို့ပြောင်းလဲသွားလေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now