Chapter - 69

46K 3.4K 243
                                    


Unicode
~~~~~~~

ဒီနေ့မှာတော့ အတန်းထဲမှာ ထူးထူးခြားခြားပွက်လောရိုက်နေ၏ ။ အကြောင်းက ကျောင်းတက်တာ ၁၅ ရက်ပြည့်ပြီဖြစ်၍ အမှတ်စဉ်အတိုင်း ခုံနေရာပြောင်းရန်ဖြစ်သည် ။

ယွင်ရှန့်ကတော့ အရင်ခုံနံပါတ်အတိုင်းကျ၍ ထိုနေရာတွင်ပဲထိုင်နေ၏ ။ ထိုစဉ်သူနှင့်အတူကျသည့်အခန်းဖော်ရောက်လာလေသည် ။

" အတန်းခေါင်းဆောင် "

" မင်းပါလား …… ဒီမှာထိုင်လေ "

သူကတော့ မနေ့က ယွင်ရှန့်ကို မုန့်လာပေးသည့်မိန်းကလေးဖြစ်နေသည် ။ သူမက ရှက်ကိုးရှက်ကန်းဖြင့် ယွင်ရှန့်ဘေးတွင်ဝင်ထိုင်လိုက်သည် ။

" မနေ့ကမုန့်စားရတာ အဆင်ပြေလာဟင် "

ယွင်ရှန့်မနေ့ကအဖြစ်ပျက်ကြောင့် စိတ်မကောင်းဖြစ်မိသည် … သူမလဲ စိတ်မကောင်းဖြစ်မည်ဆိုး၍ လိမ်ညာရတော့သည် …

" အော် … အဲ့ဒါက …… အင်း … အဆင်ပြေပါတယ် …… မင်းလက်ရာက တကယ်ကိုကောင်းတယ် "

ထိုအခါသူမက ပျော်ရွှင်စွာဖြင့်ဆိုလာသည် …

" တကယ် …… အတန်းခေါင်းဆောင်ကြိုက်တယ်ဆိုရင် နောက်လဲများများလုပ်ပေးမယ် "

" ရ … ရပါတယ် "

ထိုစဉ်ရှောင်လုဖန်အတန်းထဲဝင်လာပြီး လူတွေယောက်ယက်ခက်နေတာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏ ။  ထောင့်မှာထိုင်နေသည့် ယွင်ရှန့်နှင့် မိန်းကလေးတစ်ယောက် ရင်းနှီးစွာဖြင့်စကားဆိုနေပုံကိုမြင်ရတော့ သူ့ရဲ့မျက်နှာဟာ ပို၍မဲမှောင်လာလေသည် ။

" ရှောင်လုဖန်……  မင်းနံပါတ်က ငါ့ဘေးမှာ …… ဒီကိုလာထိုင် "

ထိုအခါတွင် လုဖန်က သူ့အားခေါ်ခိုက်သူအား ထူးဆန်းစွာကြည့်လာ၏ ။

" မင်း ငါ့ကိုမသိဘူးလား …… ဒါဆိုလဲပြန်ပြီးမိတ်ဆက်ကြတာပေါ့ …… ငါ့နာမည်ကျူးယီရှင်း ……ယွင်ရှန့်နဲ့သူငယ်ချင်း …… ခုမင်းထိုင်ခုံံရှာနေတာမဟုတ်လား "

အရှေ့မှာထိုင်နေသည့် ရှင်းက လုဖန်အားသူ့နားခေါ်ကာထိုင်စေလိုက်သည် ။ လုဖန်က ရှင်းနဲ့မခင်ပေမဲ့ ဟေးယောင်နဲ့အသိတွေမို့ မျက်နှာစိမ်းတော့မဟုတ်ကျဘူး … ရရှင်းကလဲ ယွင်ရှန့်သူငယ်ချင်းမို့ သူမငြင်းနေတော့ပဲ ဝင်ထိုင်လိုက်သည် … ရှင်းကလုဖန်အားအကဲခက်နေတာကြာပြီဖြစ်၍ မေးကြည့်လိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Waar verhalen tot leven komen. Ontdek het nu