Chapter - 70

47K 3.1K 169
                                    

Unicode
~~~~~~~

မြို့ပြရဲ့လမ်းမီးရောင်တွေရဲ့အလယ် ကားလမ်းမထက်တွင် ဦးတည်ချက်မရှိမောင်းနှင်လာသည့်ကားလေးသည် မြို့ပြနှင့်အဝေးဆုံးပင်း ရောက်ရှိနေခြေပြီ ။ ကားထဲတွင်တော့တိတ်ဆိတ်မှုကြီး ကြီးဆိုးနေပြီး အသက်ရှူ သံဖျော့ဖျော့လေးကို ကြားနေရသည် ။ ရှင်းရဲ့အသိစိတ်တွေက လွတ်ထွက်နေပြီး ဒီတစ်ကြိမ် သူ့ရဲ့ဒေါသတွေက ထိန်းချုပ်၍ပင်မရတော့ချေ ။ ရှင်းက ကားဟွန်းကိုကြိမ်ဖန်များစွာတီးနေပြီး စိတ်ထဲတွင် ကိန်းအောင်းနေသည့်ဒေါသများကို မထိန်းချုပ်နိုင်၍ အသံကုန် ဟစ်အော်လေတော့ ။

" အားးးးးး "

ရှင်းရဲ့အော်သံတွေအဆုံးမှာတော့ တဖက်တွင်ခွေခွေလေးလှဲနေသည့် ဟေးယောင်ကိုယ်လေးက တုန်ရင်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးပူကျစ်လာကာ နီရဲနေသည့်မျက်နှာကို ရှင်းမမြင်စေရန် တစ်ဖက်သို့လှည့်ကာ ဖုံးကွယ်ထားလေသည် ။ ယားယံပြီး နေထိုင်ရခက်သည့် သူ့ရဲ့အတွင်းသားတွေကဆာလောင်မွတ်သိပ်နေပြီး တစ်စုံတစ်ရာမထိုးသွင်းပါက သေရတော့မည်ဟုပင် ဟေးယောင် ထင်မှတ်မိနေသည် ။

တချိန်က ဘားတွင် သူကစားခဲ့သည့် Doll တွေကို ထိုဆေးထည့်ပြီး လုပ်ဆောင်မပေးပဲ ဆာလောင်နေသည့်သားကောင်တွေက သားရဲကိုမြှူ ဆွယ်နေသည့် မြင်ကွင်းအား အလှကြည့်ခဲ့သည့်အချိန်တွေကိုပြန်အမှတ်ရလာပြီး လက်ရှိမိမိခံစားမိတော့မှ ထိုဝေသနာက မည်မျှခံစားရဆိုးဝါးကြောင်း ဟေးယောင်နားလည်ပေတော့သည် ။ သူကနာကျင်မှုကိုအန်တုပြီး ရှင်းအားလှည့်မကြည့်မိစေရန်ထိန်းချုပ်နေရသည် ။ ရှင်းကိုမြင်ပါက သူ့ရဲ့ထိန်ချုပ်နိုင်စွမ်းတွေ ကုန်ခမ်းသွားမည်ကို သိနေ၏ ။

" ဟင်းးး .… အ့ …… "

ဟေးယောင်ရဲ့ခန္ဓာကိုယ်က ထိန်းချုပ်နေသည့်ကြားက တစ်ချက်တစ်ချက်စိတ်လွတ်သွားပြီး လူးလွန့်ကာ ညည်းညူ နေမိသည် ။ ထိုမြင်ကွင်းကိုမြင်တိုင်း ရှင်းရဲ့စိတ်တွေက ပို၍အရိုင်းဆန်လာ၏ ။ တကြိမ်တစ်ခါလေးတောင် အလိုမတူပဲ ထိကိုင်ဖို့မကြိုးစားခဲ့တဲ့ သူတန်ဖိုးထားရတဲ့ကိုယ်လေးကို တစ်စုံတစ်ယောက်က ထိကိုင်နေပြီး ထိုထိတွေ့မှုအပေါ်တုန့်မှုက ဤမျှလောက် ပြင်းထန်နေခြင်းက ရှင်းရဲ့သည်းခံနိုင်စွမ်းတွေကို ကုန်ဆုံးသွာစေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Donde viven las historias. Descúbrelo ahora