Extra ( Dong 💕 မိုခွန်း )

22.7K 1.5K 98
                                    

#Unicode

' တီ ... တီ ... တီ '

နှိုးစက်ရဲ့ တတီတီ အော်သံကြောင့် ရွီမုအိပ်ယာမှနိုးထလာခဲ့သည် ။ ညက ထယ်ယောင်းရဲ့နှောက်ယှက်မှုကြောင့် အိပ်ရေးဝအောင်ပင် မအိပ်ခဲ့ရဘူး ... ခုလဲ ဘယ်ကိုထွက်သွားလဲမသိ အေးစက်စက် အိပ်ယာတစ်ခုသာ အနားမှာ ကျန်ရှိနေခဲ့သည် ။

" Hyung "

၂ ခါပင်မခေါ်ရ ... အလိုက်သိလွန်းတဲ့ ထယ်ယောင်းက အပြေးရောက်လာပြီး ညကဒါဏ်ကြောင့် မထနိုင်တဲ့ ရွီမုကို ဆွေ့ကနဲ ကောက်ချီလိုက်သည် ။

" ဘာလုပ်တာလဲ ... ဘယ်သူကချီခိုင်းလို့လဲ ... ပြန်ချပေး "

ခုချိန်ထိ ဒီကလေးဆိုးလေးကတော့ သူ့ကိုသူ အောက်ပုဂ္ဂိုလ်ဆိုတာကို လက်မခံချင်သေးဘူး ... ဗလအားကိုးနဲ့ ရုန်းကန်ပေမဲ့ ထယ်ယောင်းအတွက်ကတော့ ရိုးနေပြီမို့ နောက်ဆုံး ပွေ့ချီမရတော့ ပခုံးပေါ်ထန်းကာ ရေချိုးခန်းထဲကို အမြန်ဝင်လာခဲ့ရသည် ။

ရွီမုက ရေမချိုးချင်၍ ရုန်းကန်ပေမဲ့ ထယ်ယောင်းက အတင်းချိုးပေးရန်ပြင်နေသည်မို့ ရေချိုးခန်းထဲမှာတော့ အော်သံများ စူညံနေတော့သည် ။

" မချိုးဘူးလို့ "

" ညကလဲ မချိုးရသေးဘူး "

" ဒါဆိုလဲ ကို့ဘာသာကိုချိုးမယ် ... ဖယ် "

" မရဘူး ... မုလေးအောက်ပိုင်းက နာနေသေးတယ်မဟုတ်လား "

" အဲ့ဒါ ခများကြီးကြောင့်လေ ... ညကခနလေးဆိုပြီး အိပ်ခွင့်တောင်မပေးဘူး ... လူယုတ်မာကြီး "

ရွီမုက ထယ်ယောင်းရဲ့လက်တွေကို တွန်းဖယ်က ဘေးနားကရေပိုက်ကိုဆွဲယူပြီး ခလုပ်ကိုဖွင့်လိုက်သည် ။

" မဆိုးနဲ့ကွာ ... ကို့ကို ရေတွေစင်ကုန်မယ် "

ရွီမုက သူ့အဝတ်တွေကိုအတင်းချွတ်ပေးနေတဲ့ ထယ်ယောင်းအား ရေပိုက်နဲ့ ဖြန်းလိုက်တော့ သူတို့ ၂ ယောက်လုံး၌ ရေများ ရွှဲသွားတော့သည် ။

" ကောင်းပြီလေ ... ခုကိုလဲစိုသွားပြီဆိုတော့ အတူတူချိုးတာမကောင်းဘူးလား "

" ဟင့်အင် မကောင်းဘူး ... သွား ... ခုလွှတ် "

အခန်းလေးထဲမှာတော့ ရုန်းကန်နေတဲ့ ဇနီးမောင်နှံ ၂ ယောက်ရဲ့ ကျီစားသံများဖြင့် ပြည့်နှပ်လို့နေသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now