Chapter - 51

45.9K 3.7K 290
                                    

Unicode
~~~~~~~

ရောင်စုံမီးလုံးများနှင့်အတူ ကိတ်မျိုးစုံဖြင့်အလှဆင်ကာ ဖယောင်းတိုင်များ ထွန်းညှိထားသည့်မြင်ကွင်းက ကြည်နူးဖွယ်ရာကောင်းလှသည် ။

ရှောင်အိမ်တော်တွင် အိမ်ဖော်များ အစေခံများ ကိုယ်ရံတော်များ အစောင့်များ အားလုံးပေါင်းလျှင် ရာကျော်ရှိနေပြီး လီလီက အားလုံးကို စုဝေးစေကာ ခြံရှေ့တွင် ကိတ်မုန့်ပွဲတော် ကျင်းပနေခြင်းဖြစ်သည် ။

ယွင်ရှန့်နှင့် လီလီလုပ်ထားတဲ့ ကိတ်တွေက အားလုံးစားလျှင်တောင် ကုန်နိုင်မည်မထင်လောက်အောင် များပြားသလို တခြားသော သောက်စရာမျိုးစုံပါချခင်းပေးထား၍ ရှောင်အိမ်တော်ရှိ လူများအားလုံးပျော်ရွှင်နေကြသည် ။

ခေါင်မိုးထပ်မှာတော့ ယွင်ရှန့်ယူလာသည့် ချောကလက်ကိတ်ကို ရှေ့မှာချထားပြီး လုဖန်ထိုင်နေ၏ ။  သူထိုင်နေသည့်နေရာက ခြံထဲမှာရှိနေသည့် လူတွေအားလုံးကိုမြင်နိုင်ပြီး ကောင်းကင်ကြီးရဲ့ အလှအပကိုပါ ရှုစားနိုင်သည် ။

အိမ်အောက်ထပ်ကနေ ခြံထဲသို့ပြေးကာ သူခိုင်းသည့်အတိုင်း အအေးသွားယူနေသည့်  အဖြူ ရောင်ကောင်လေးကို ငေးကြည့်ရင်း လုဖန်ပြုံးမိသည် ။  ခနအကြာမှာတော့ ယွင်ရှန့်သူ့ရဲ့အနားသို့ ပြန်ရာက်လာပြီး အအေးတစ်ခွက် ရှေ့သို့လာချပေးသည် ။

ပြေးလာခဲ့ရသောကြောင့် ယွင်ရှန့်မောဟိုက်နေပြီး လုဖန်ဘေးက ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး အရန်သင့်ရှိနေသည့် ရေဘူးကိုယူကာ မော့လိုက်သည် ။ သူက မောနေရင်းမှာ အသံတုန်ရီစွာဖြင့် မေးလိုက်သည် ။

" ဒီ ဒီတစ်ခါတော့ ပြန်မလဲမခိုင်းနဲ့တော့ …… မင်းခိုင်းနေတာ ၅ ခေါက်ရှိပြီ …… ခေါင်မိုးထပ်ကနေ ခြံထဲကိုပြေးပြီးသွားယူရတာ သေလောက်အောင်မောတယ် "

လုဖန်က ခြေတစ်ဖက်ချိတ်ထိုင်နေရင်း ကျေနပ်စွာဖြင့် ပြုံးလိုက်၏ ။  သူက ယွင်ရှန့်အမောတကောပြေးယူလာခဲ့သည့် အအေးကို တစ်ကြိတ်မော့သောက်လိုက်ပြီး ခွက်ကိုစားပွဲပေါ်သို့ ပြန်ချလိုက်သည် ။

" ကိတ်ခွဲ …… အရသာ မြည်းကြည့်မယ် "

ယွင်ရှန့်က လုဖန်ကို ကိတ်ကျွေးရန်စောင့်နေခြင်းဖြစ်ပြီး သူ့စိတ်က အောက်ထပ်က ပွဲလေးထံရောက်နေသည် ။ လုဖန်က ကိတ်ကိုစားတော့မယ်ဆိုလာတော့ ယွင်ရှန့်အမြန်ပင် ကိတ်ကို အလယ်မှခွဲလိုက်ပြီး အပိုင်းလေးလုပ်ကာ ခွက်ထဲထည့်ပေးလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now