Chapter - 82

36.4K 3.3K 161
                                    

Unicode
~~~~~~~

ပြတင်းပေါက်မှကျော်လွန်ကာ ကောင်းကင်ယံသို့ ငေးကြည့်နေသော ယွင်ရှန့်အား အောက်ထပ်ကနေ ရှင်း ကြည့်နေ၏ ။ ကိစ္စများပြီးသွားချိန်မှာတော့ အထင်လွဲမှုများနှင့်အတူ ယွင်ရှန့် လုဖန်ကိုမတွေ့ရန် တမင်ရှောင်နေခဲ့သည် ။

ရှင်းနှင့် ဟေးယောင်က ကျောင်းပျက်ရက်များနေသည့် ယွင်ရှန့်အား တွေ့ရန် အဆောင်သို့လာခဲ့ခြင်းဖြစ်လေသည် ။ စာကိုသာအာရုံစိုက်တတ်သူ ကျောင်းပျက်ရန်မပြောလေနှင့် အတန်းချိန်တစ်ချိန်လေးပျက်ရန်ပင် ဝင်လေးတတ်သူက ခုတော့ ၃ ရက်တောင်ကျောင်းပျက်ပြီး အခန်းထဲကနေ အပြင်ထွက်မလာခြင်းကြောင့် ရှင်းအတော်လေး စိတ်ပူပန်နေရသည် ။

" ယွင်ရှန့် ……တံခါးလာဖွင့်ပေး "

ခနအကြာမှာတော့ တံခါးလော့ကျသံနှင့်အတူ အခန်းတံခါးပွင့်လာပြီး မှိုင်တွေနေသည့်မျက်နှာနှင့် ယွင်ရှန့်က စီးကြိုနေ၏ ။

" ရှင်း အထဲဝင်ခဲ့ …… ဘာကြောင့် အဆောင်ထိလိုက်လာတာလဲ …… ငါအဆင်ပြေပါတယ် "

ရှင်းက ပါလာသည့် လက်ဆောင်ပစ္စည်းတချို့ကို စားပွဲပေါ်မှာချထားပြီး အကဲခပ်ကြည့်မိတော့ နေထိုင်ပုံက ပုံမှန်အတိုင်းပင် ။  အရာအားလုံးသန့်ရှင်းတောက်ပြောင်နေပြီး စာကြည့်စားပွဲပေါ်မှာလဲ စာအုပ်တွေပြန့်ကျဲလျှက် တစ်ချိန်လုံးစားလုပ်နေသည်ဆိုတာ ခန့်မှန်း၍ရနေသည် ။ ထိုအခါမှ ရှင်းသက်ပြင်းချလိုက်ရင်း အိမ်စာများနှင့် ယွင်ရှန့်ကျောင်းမလာသည့်အချိန်က သူကူးပေးထားသည့်မှတ်စုစာအုပ်များကို ပေးလိုက်သည် ။

" ဒီမှာ မင်းပျက်ရက်တုန်းက မမှီလိုက်တာတွေ …… ဒါနဲ့ မင်းအဆင်ပြေနေပြီဆိုတော့ မနက်ဖြန် ကျောင်းပြန်တက်မှာလား …… ငါလာခေါ်မယ်လေ "

ယွင်ရှန့်က စာအုပ်တွေကိုလှမ်းယူပြီး စားပွဲပေါ်တင်လိုက်သည် ။

" အိမ်စာအတွက်ကျေးဇူးပဲ ရှင်း …မနက်ဖြန်ကျောင်းစတတ်မှာ …… ပြီးတော့ မင်းလာမခေါ်လဲရပါတယ် ……အကိုဟေးယောင်လဲ ပင်ပန်းနေမှာပေါ့ ……မင်းတို့ပဲသွားကြပါ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now