Chapter - 23

76K 4.1K 526
                                    

Unicode
~~~~~~~

ယနေ့ လုဖန်ကတိပေးထားသည့်အတိုင်း ယွင်ရှန့် သူ့ဦးလေးရှိနေသည့် ဆေးရုံကို သွားတွေ့ခွင့် ရသည့်နေ့ဖြစ်သည် ။ ဆေးရုံက ညနေမှဆင်းမှာမို့ ယွင်ရှန့် နေ့ခင်းဘက်မှသွားတွေ့ရန် ဆုံးဖြတ်ထားလေသည် ။ လုဖန်က ခုတလော ယွန်းဂျယ်နှင့် အချိန်ကုန်နေ၍ ယွင်ရှန့် Play Room အခန်းထဲမှာ နှိပ်ဆက်မခံရတော့ပေ ။

ဒါက ကံကောင်းတယ်ဆိုရမလား အနည်းဆုံးတော့ ယွင်ရှန့် သူမကြောင့် အိမ်မှာ လွတ်လွတ်လပ်လပ်နေခွင့်ရခဲ့သည် ။ မနေ့ကတွေ့ခဲ့သည့် ရွှီးမုဆိုသူက ယွင်ရှန့်ထံမှ ဖုန်းနံပါတ်ကိုမရမကတောင်းပြီး မနေ့ကတစ်ညလုံးလဲ ဆက်သွယ်သလို ဒီနေ့တစ်မနက်လုံးလဲ ဆက်သွယ်နေ၏ ။ လုဖန်ရဲ့အမိန့်ကြောင့် ယွင်ရှန့် သူ့ဖုန်းအားမကိုင်ပဲ စက်ပါပိတ်ပစ်လိုက်ရသည် ။

ယခု နေ့လည်ခင်း ထမင်စားပြီးချိန်ဖြစ်၍ ခနနားပြီးနောက် ယွင်ရှန့် ရေမိုးချိုးရန် အခန်းထဲဝင်သွားလေသည် ။ ရေချိုးခန်းထဲ နာရီဝက်ခန့် ရေချိုးပြီးတော့မှ အခန်းအပြင်သို့ ထွက်လာခဲ့သည် ။ ထိုအခါတွင် အခန်းထဲရှိ ခုတင်ပေါ်၌ ခြေချိတ်ကာ ထိုင်နေသူ လုဖန်ကို မြင်လိုက်ရတော့ ယွင်ရှန့် အံ့သြသွားပြီး ရှေ့ဆက်မလှမ်းတော့ပဲ ရပ်လိုက်သည် ။

သူသိရသလောက်တော့ ယွန်းဂျယ်က လုဖန်ကို လွန်ခဲ့သော မိနစ် ၄၀ ခန့်က စျေးဝယ်ထွက်ရန် အတွက်အပြင်ကို ခေါ်သွားခဲ့သည် ။ အနည်းဆုံးတော့ အသွားအပြန်နဲ့ စျေးဝယ်ချိန်နှင့်ဆိုလျှင် ၄ နာရီ ၅ နာရီခန့်ကြာလိမ့်မည်ဟု မှန်းဆထားခြင်းဖြစ်၏ ။ ဒီလိုဆို ယွင်ရှန့်လဲ ဦးလေးထံ တစ်ယောက်ထည်း လွတ်လွတ်လပ်လပ်သွားရမည်မို့ ပျော်ရွှင်နေခြင်းဖြစ်သည် ။

ယခုအချေအနေမှာတော့ မှန်းထားသည်နှင့် ဆန့်ကျင်ဘက်ကို လွဲမှားနေ၏ ။ လုဖန်က သူ့အနားမလာပဲ ရပ်နေသည့် ယွင်ရှန့်အား တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး ဆိုလာ၏ ။

" ဒီကိုလာခဲ့ "

သူ့ရဲ့နဘေးသို့ လက်ဖြင့်ပုတ်ပြပြီး ခေါ်လိုက်ခြင်းဖြစ်သည် ။ ယွင်ရှန့်လဲ ရပ်နေရာမှ လုဖန်ထိုင်နေသည့် ခုတင်အနားသို့ လျှောက်လာခဲ့သည် ။ ယွင်ရှန့် လုဖန်အနားသို့ရောက်ပြီဆိုတာနဲ့ ထိုင်နေသည့် လုဖန်ထလိုက်ပြီး ယွင်ရှန့်ရဲ့လက်ကိုဆွဲကာ ခုတင်ပေါ်သို့ မှောက်လျှက်အနေအထားဖြင့် ပစ်လှဲလိုက်ပြီး လက်နှစ်ဖက်အား ဖမ်းချုပ်ထားလိုက်သည် ။ထိုအခါတွင် ယွင်ရှန့်က နာကျင်စွာဖြင့် အော်လေတော့သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now