Chapter - 63

48.6K 3.5K 256
                                    

Unicode
~~~~~~~


ယနေ့မှာတော့ ရှင်ဟိုင်းမြို့ရဲ့ ကောင်းကင်ကြီးက ထိန်ထိန်သာနေ၏ ။ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မို့ မည်သူမှစောစောမထကြပဲ နေမြင့်သည်ထိ အိပ်နေကြသည် ။ ထိုသူတွေထဲမှာတော့ ယွင်ရှန့်မပါနေဘူး ။

တကယ်တမ်းတော့ ယွင်ရှန့်တစ်ညလုံး အိပ်မပျော်ခဲ့ခြင်းဖြစ်သည် ။ ထိုနေ့က လုဖန်ပြသည့် စာချုပ်ကြောင့် ယွင်ရှန့် အာရုံထဲတွင် ရှုတ်ထွေးနေပြီး သူကိုယ်တိုင် ထိုကိစ္စကို မငြင်းပယ်လိုက်မိတာကို အံ့သြနေမိသည် ။

* ငါဘာကြောင့် သူနဲ့ ထပ်ပြီးသဘောတူမိတာလည်း … ဟိုကိစ္စတွေ ထပ်လုပ်ခိုင်းနေရင် … မဖြစ်ဘူး … စာချုပ်ကိစ္စကို တမျိုးပြောင်းလဲရမယ် *

ထိုနေ့က ယွင်ရှန့် အဆောင်မှာနေပြီး အိမ်စာများကို လုပ်ပြီးနောက် အားလပ်သည့်အချိန်မှာ လုဖန်နဲ့ ထိုစာချုပ်ကိစ္စဆွေးနွေးရန် ဆုံးဖြတ်လိုက်သည် ။ ယွင်ရှန့် သူ့ဖုန်းထဲက လုဖန်နံပါတ်ကို ရှာဖွေလိုက်ပြီး ဆက်သွယ်လိုက်လေသည် ။ တဖက်မှာတော့ လုဖန်ဟာ ကျောင်းပိတ်ရက်မို့ မထသေးပဲ အိပ်နေတုန်းပင် ။ အချိန်က မနက်ကိုးနာရီပင် ရှိနေချေပြီ ။

စားပွဲပေါ်က ဖုန်းမြည်သံကြောင့် လုဖန် အိပ်နေရာကနေ နိုးထလာပြီး ဖုန်းကို လှမ်းယူကာ ကြည့်လိုက်တော့ မြင်လိုက်လိုက်သည့် နာမည်ကြောင့် မျက်လုံးများ ပြုးကျယ်ကာ ချက်ခြင်း ထထိုင်လာ၏ ။

" ခွေးလေး …… သူတကယ်ဆက်သွယ်လာတာပဲ "

လုဖန်က ပြုံးလိုက်ရင်း ဖုန်းကို ချက်ချင်းကိုင်လိုက်သည် ။

" နောက်ဆုံးတော့ မင်းဆက်သွယ်လာပြီ "

ယွင်ရှန့်က လုဖန်ရဲ့အသံကို နာထောင်လိုက်ရင်း ခုမှအိပ်ယာထဲမှာဆိုတာ သိလိုက်သည် ။

" ခုချိန်ထိ အိပ်နေတုန်းပဲလား "

ထိုအခါတွင် လုဖန်က အိပ်ယာမှ ကပြာကယာထကာ ဆင်းလိုက်ပြီးမှ ပြန်ဖြေလာ၏ ။

" ဘာကြောင့် ခုမှထရမှာလည်း …… လေ့ကျင့်ခန်းလုပ်ပြီးသွားလို့ ခနအမောဖြေနေတာ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now