Chapter - 95

38.1K 2.8K 293
                                    

Unicode
~~~~~~~

တဂွီဂွီမည်နေသောအသံနှင့်အတူ ရွီမု ဆာလောင်စွာဖြင့်နိုးထလာခဲ့သည် ။ သူ့အတွက်တော့ အဆာငတ်ခံတာက အလေ့အကျင့်မရှိသည့်အတွက် အတော့ကိုခံရခက်လှသည် ။  တစ်နပ်မှ မစားတာမျိုးမဟုတ်ပေမဲ့ ထယ်ယောင်းခွင့်ကြွေးရင်သူမစားပဲငြင်းဆိုပြီး ထယ်ယောင်း အပြင်ထွက်သွားရင်တော့ ကြိုးတုတ်ထားသည့်လက်ဖြင့် ကြိုးစားကာ မရမကယူစားသည် ။ ဒီလိုနေလာခဲ့တာ တစ်ပတ်လောက်ရှိနေပြီမို့ ရွီမုရဲ့ကိုယ်သေးသေးလေးက နကိုကထက်ပိုသေးကာ ရုန်းကန်ရန် အင်အားပင်ကျန်ရှိမနေတော့ပေ ။

* တောက် … ခွေးကောင် … ငါလွတ်တာနဲ့ ဒင်းကိုအရှင်ဖမ်းပြီး ဖြေးဖြေးချင်းသတ်ပြမယ် *

" ဗိုက်ဆာနေပြီလား "

အငွှေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲပန်းကန်တစ်လုံးကိုကိုင်ဆောင်ကာ ထယ်ယောင်းအခန်းတွင်းဝင်လာ၏ ။ မွှေးပြန့်သည့်ခေါက်ဆွဲရနံ့က ရွီမုအား ဆွဲဆောင်နေပြီး ခေါက်ဆွဲအပေါ်က ပုစွန်ကွေးတွေက လက်ယက်ခေါ်နေသလိုပင် ရွီမုခေါက်ဆွဲပန်းကန်အား မျက်တောင်မခပ်စိုက်ကြည့်ကာ ပို၍ဆာလောင်ပြီး စတွေးများ အကြိမ်ကြိမ်မျိုချနေမိသည် ။ ယခု သူကျိန်ဆဲနေသည်ပင် ဘယ်ရောက်သွားမှန်းမသိတော့ပေ ။

ထယ်ယောင်းက စားပွဲပေါ်သို့ ခေါက်ဆွဲပြုတ်ခွက်ကို ချလိုက်ပြီး ကုတင်ဘေးတစ်ဖက်စွန်း၌ ဝင်ထိုင်လိုက်သည် ။ ပြီးနောက် သူက ဆာလောင်နေသည့် ရွီမုအား စိုက်ကြည့်ကာဆိုလာ၏ ။

" ဆာလောင်မှုရဲ့အရသာက ဘယ်လိုနေလဲ ……သေချာကြည့်တော့ ချာတိတ်မင်းက ကိုယ်ထင်ထားတာထက် အတော်လေးကိုသေးတာပဲ "

ရွီမုက စောင်အပါးလေးသာလွှမ်းခြုံထားသည့်သူ့ကိုယ်လေးကို စိုက်ကြည့်နေသည့်ထယ်ယောင်းအား လက်သီးဖြင့် ပြစ်ကျွေးချင်လောက်အောင်ဒေါသထွက်နေ၏ ။

" ဟေ့လူကြီး ခများကျနော့ကို ဘယ်ချိန်ထိချုပ်ထားမှာလဲ ……ကျနော့မှာ စာမေးပွဲရှိသေးတယ်လို့ပြောနေတာ မကြားဘူးလား …… ခုလွှတ်ပေးရင်လွှတ်ပေး မဟုတ်ရင်တော့ ခများကို အရိုးတစ်ခြား အသားတစ်ခြားဖြစ်သွားအောင်လုပ်ပြစ်မယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now