Chapter - 66

53.4K 3.4K 464
                                    

Unicode
~~~~~~~

" ယွင်ရှန့် မင်းပုံစံက မအီမသာနဲ့ ဘာဖြစ်နေတာလဲ …… မင်းနေမကောင်းဘူးလား "

" ဘာ … ဘာမှမဖြစ်ဘူး "

ယွင်ရှန့် ဒီနေ့မနက်က ကျောင်းကို စောစောထွက်လာခဲ့ပြီး အခန်းထဲမှာ ထိုင်နေ၏ ။ ရှင်းရောက်လာတော့ ငြိမ်ပြီး ထိုင်နေသည့် ယွင်ရှန့်အားကြည့်ပြီး မူမမှန်၍ မေးလိုက်ခြင်းဖြစ်သည် ။

ဒီအချေအနေကို ယွင်ရှန့်ဘယ်လိုပြောရဲမှာလဲ ။ လုဖန်တစ်ညလုံး နှိပ်ဆက်ခဲ့တာလို့ သူဘယ်သူ့မှ ပြောမည်မဟုတ်ပေ ။

" မင်းအခြေအနေမဟန်ရင်လဲ ကျောင်းဆေးခန်းသွားပြချင်လား …… ဒါမှမဟုတ် အခန်းပြန်ပြီးနား လိုက်ပါလား "

" မဖြစ်ဘူး …… ငါညနေ စာသွားပြစရာရှိတယ် "

" အေးဘာကွာ …… မင်းမှာလဲ ကိုယ်ပိုင်အလုပ်ထက် ကျောင်းကိစ္စကပိုများနေတယ် …… ခုလဲ ဘယ်ခလေးကို စာသွားပြပေးမှာလဲ  "

* ငါမင်းကို ဘယ်လိုပြောရမလဲရှင်းရာ … ငါသူတို့ညီအကိုတွေလက်ထဲကနေ ရုန်းထွက်လို့မရသေးဘူး … ရုန်းလေနစ်လေ နွန်အိုင်ထဲ ရောက်နေသလိုပဲ … ခနတော့ သည်းခံပေးရတော့မယ် … ဘာပဲဖြစ်ဖြစ် ဒီအခြေအနေတွေဟာ အချိန်ခနကြာရင် ပြီးဆုံးသွားမဲ့အရာတွေပဲ * ယွင်ရှန့်စိတ်ထဲမှ တွေးရင်း သက်ပြင်းတစ်ချက်ချလိုက်သည် ။

" အသိတစ်ယောက်ရဲ့ခလေးပါ …… တော်တော်လေးကိုဆိုးတာ …… ငါညက မအိပ်ခဲ့ရဘူး …… ဆရာလာရင်ပြောအုံး … ခနအိပ်ဦးမယ် "

" မင်းလိုစိတ်ရှည်တဲ့လူတောင်မှထိန်းမနိုင်ဘူးဆိုတော့ တော်တော်ဆိုးတဲ့ခလေးပဲဖြစ်ရမယ် "

ယွင်ရှန့်က ရှင်းရဲ့ထင်မြင်ယူဆချက်ကို မှတ်ချက်မပေးတော့ပဲ ခုံပေါ်မှောက်ကာ အိပ်နေလိုက်သည် ။ ရှင်းလဲ ဒီနေ့ လုဖန်မလာမှာသ်ိနေသည်မို့ ယွင်ရှန့်ဘေးက ခုံတွင်ဝင်ထိုင်လိုက်သည် ။ မနက်ပိုင်းအချိန်ပြီးသွားတော့ ယွင်ရှန့်နေမကောင်းဖြစ်နေသည့်သတင်းကြားတာနဲ့ အနုပညာမေဂျာက မေလျန်ဟာ ချက်ချင်းရောက်လာပြီး ယွင်ရှန့်အခြေအနေအား လာမေးသည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now