Chapter - 40

62.3K 3.6K 287
                                    

Unicode
~~~~~~~

Piano သံစဉ်တွေက နားထပ်၌ လွင့်ပျံနေ၏ ။ လွမ်းမောဖွယ်ရာ ထိုသံစဉ်နှင့်အတူ ယွင်ရှန့်၏ အမြင်အာရုံတွေထဲမှာ ဝေဝါးဝါဖြင့် ပေါ်လာသူကတော့ Piano ပေါ်တွင်ထိုင်နေသည့် သေးငယ်သည့်ကိုယ်လေးဖြင့် ကောင်လေးတစ်ယောက်ပင် ။

" လု …… လုဖန် "

သူ့စိတ်ထဲကခေါ်သံကို ကြားလိုက်သည့်ဟန်ဖြင့် ထိုကောင်လေးက သူရှိနေသည့်နေရာသို့ လှည့်ကြည့်လာပြီး ဘာမှမမြင်ရသည့်နယ် တစ်စုံတစ်ခုကိုရှာဖွေနေ၏ ။

" အားးးး "

ထိုခလေးရဲ့ အော်သံတွေက ယွင်ရှန့်ကိုယ်ပင် အဝေးသို့ လွင့်ပြန်သွားစေသည် ။

" ဒီအိမ်မက်ထဲကို ရောက်သွားပြန်ပြီလား "

လုဖန်ဟုထင်နေသည့်ထိုကောင်လေးက Piano ပေါ်မှပြေးဆင်သွားပြီး အခန်းထဲမှပြေးထွက်သွားလေသည် ။  ယွင်ရှန့် ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ အိမ်မက်ထဲကအိမ်ကြီးအတွင်းရောက်နေမှန်း သိလိုက်ရသည် ။

သူက ကလေးငယ်ပြေးသွားသည့်အနောက်သို့လိုက်သွားလေသည် ။ ခလေးငယ်ဟာ မြေအောက်ခန်းတစ်ခုအတွင်းသို့ဆင်းသွားခြင်းဖြစ်၏ ။  လှေကားအထစ်ထစ် အဆုံး၌ မဲမှောင်သည့် မြေအောက်လှိုင်ဂူပမာ လမ်းကြားလေးတစ်ခုရှိနေသည် ။ ယွင်ရန့်က လှေကားထစ်တွေရဲ့ထိပ်ဆုံးမှာရပ်နေပြီး ဝင်သွားသည့် ကောင်လေး၏အခြေအနေကို စောင့်ကြည့်နေလိုက်သည် ။

" ရှောင် … ပိုင် … ချုန်း "

အော်သံနှင့်အတူ ပြေးထွက်လာသည့်ကောင်ငယ်လေး၏ မျက်ဝန်းအိမ်၌ မျက်ရည်ကြည်များရစ်ဝဲနေပြီး မျက်နှာတစ်ခွန်၌ ဒေါသအရိပ်အမှောင်များ ဖုံးလွှမ်းနေ၏ ။

အလောတကြီးဖြင့် ပြေးထွက်လာသည့်ကောင်ငယ်လေးဟာ လှေခါးအထစ်ထစ်ပေါ်၌ အားလွန်ကာ ပြစ်လဲသွားလေသည် ။  ယွင်ရှန့်က သူ့အရှေ့က ကောင်ငယ်လေးကို ထူပေးချင်ပေမဲ့ သူ့ကိုယ်က လှုပ်ရှား၍မရပဲ ရပ်တန့်နေ၏ ။

" ချုန်း ချုန်း … မင်းမသွားရဘူး …… မင်းဘယ်မှာလဲ …… မင်းဘယ်မှာပုန်းနေတာလဲ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now